Tuesday, July 26, 2016

ရက်ပေါင်း ၂၃၀၀ ၁။ ဒံယေလ အနာဂတ္တိကျမ်း ၈း၁၄ ၌ ဘယ်ကာအကြောင်းပြောသနည်း။ရက်ပေါင်း၂၃၀၀ တိုင်တိုင် တည်လိမ့်မည်။ထို့နောက်သန့်ရှင်းရာဌာနကို တစ်ဖန်ဆေးကြောသုတ်သင်ကြလိမ့်မည်။ ၂။ အနာဂတ္တိစကား၌ တစ်ရက်သည်ဘယ်ကာလ၏ပုံပမာဖြစ်သတည်း။ ထိုပြည်ကိုစူးစမ်းရာ နေ့ ရက်ပေါင်းအရက်လေးဆယ်နှင့်အညီ၊တစ်ရက်ကိုတနှစ်ထား၍ အနှစ်လေးဆယ်ပါတ်လုံး ကိုယ်အပြစ်ကိုဆောင်လျှက် ငါစွန့်ပြစ်ခြင်းကိုသိရကြလိမ့်မည် ။တောလည်ရာကျမ်း ၁၄း၃၄။ထိုနေ့ရက်စေ့ပြီးမှ ၊တဖန်လက်င်္ကျာ နံစောင်းဖြင့်အိပ်၍ အရက်လေးဆယ်ပါတ်လုံး ယုဒအမျိုး၏အပြစ်ကို ခံဦးလော့၊နှစ်အစား၌ရက်ကိုငါထားပြီ။ ယေဇကျေလအနာဂတ္တိ ကျမ်း ၄း၆။ မှတ်ချက် ။ ။ဒံယေလအနာဂတ္တိကျမ်းအခန်းကြီးရှစ်တွင် ဖော်ပြပချက်မြင်ခြင်းသည်အနက်အဓိပါယ်ပါသော ပုံပမာဖြစ်ကြောင်းသိုး၊အမွေးကြမ်းသောဆိတ်၊ချိုကြီးဆိုသောအရာတို့အားဖြင့်ကျွန်ုပ်တို့သိရသည်။ဤပုံပမာများတို့သည်နိုင်ငံများဖြစ်ကြသည်။(ငယ် ၂၀-၂၅) ။ထိုနည်းအတိုင်းရက်ပေါင်း၂၃၀၀ သည်ဤပုံပမာဖြစ်၍တစ်ရက်ကိုတနှစ်ထားပြီးရေတွက်ရသည်။ ၃။ဤဖော်ပြချက်ရူပါရုံအကြောက်းကိုကောင်းကင်တမန်ဂါဗြေလအား ဘာအမိန့်တော်ပေးတော်မူသနည်း။အခြားသောသူတို့ကအိုဂါဗြေလ ၊ထိုသူသည်ယခုမြင်သောရူပါရုံကိုနားလည်စေခြင်းငှါအနက်ကိုပြန်ပြောလော့ဟု ဥလဲမြစ်နားကြားမှာ လူအသံနှင့်ဟစ်၍ပြောဆိုသည်ကိုငါကြား၏။ဒံယေလအနာဂတ္တိကျမ်း ၈း၁၆။ ၄။ ထိုဗျာဒိတ်ယူပါရုံကိုနားလည်စေခြင်းငှါ ဂါဗြေလသည် ရက်ပေါင်း၂၃၀၀ အကြောင်း ဒံယေလအား ဘာပြောသနည်း။ ညဦးနှင့်နံနက်ကိုဘော်ပြသောဗျာဒိတ်၊ရူပါရုံစကားမှန်သည်ဖြစ်၍ ထိုစကားကိုတံဆိပ်ခတ်ထားလော့။တာရှည်သောကာတိုင်တိုင်တည်လိမ့်မည်ဆို၏။ ဒံယေလအနာဂတ္တိကျမ်း ၈း၂၆။ ၅။ ဤအခါဒံယေလသည် ရက်ပေါင်း၂၃၀၀ အကြောင်းနားလည်သလော။ ထိုအခါ ငါဒံယေလသည် မော၍နာလျှက်နေ၏။တဖန်အနာမှထမြောက်၍ ရှင်ဘုရင်၏အမှုတော်ကို ဆောင်ရွက်ရ၏။မြင်ပြီးသော ဗျာဒိတ်ရူါရုံကို ငါအံ့သြသော်လည်း ထိုအမှုကိုအဘယ်သူမျှမရိပ်မိကြ။ ဒံယေလအနာဂတ္တိကျမ်း ၈း၂၇။ ၆။ ဒံယေလသည် ဗျာဒိတ်ယူပါရုံ၏အနက်အဓိပ္ပါယ်ကိုအလွန်သိချင်သောကြောင့် ဘာလုပ်သနည်း။ အစာကိုရှောင်လျှက်၊လျှော်တေအ၀တ်ကိုဝတ်လျှက်၊ပြာနှင့်လူးလျှက်၊အရှင်ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ဆုတောင်း၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၃။ ၇။ သန့်ရှင်းရာ ဌာနတော်နှင့်မဖော်ပြသောရက်ပေါင်းတို့အပေါ်၌ဒံယေလသည်စိတ်စွဲလမ်းလျှက်နေကြောင်း ကိုကျွန်ုပ်တို့ အဘယ်သို့သိရသနည်း။ ယခုမူကား၊အကျွန်ုပ်တို့ဘုရားသခင်၊ကိုယ်တော်၏ကျွန်ပြုသောဆုတောင်းသံစကားကိုနားထောင်တော်မူပါ။ဆိတ်ညံလျှက်၇ှိသောသန့်ရှင်းရာနေရာတော်ကိုဘုရားသခင်၏အကျိုးတော်ကြောင့်မျက်နှာတော်ရောင်ခြည်ကိုထွန်းလင်းစေတော်မူပါ။ဒံယေလအနာဂတ္တိကျမ်း၉း၁၇။ယခင်ပြောသောသူကရာက်ပေါင်းနှစ်ထောင်သုံးရာတိုင်တိုင်တည်လိမ့်မည်။ထို့နောက်သန့်ရှင်းရာဌာနကိုတဖန်ဆေးကြောသုတ်သင်ကြလိမ့်မည်ဟုပြန်၍ပြောဆို၏။ ဒံယေလအနာဂတ္တိကျမ်း ၈း၁၄။ ၈။ဒံယေလဆုတောင်းသည့်အတွက်အဘယ်သူလာရောက်သနည်း။ ဆုတောင်းသောအမှုမပြီးမီ မြွက်ဆိုစဉ်တွင်ယခင်ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသောသူဂါဗေလသည်လျှင်မြန်စွာပျံ၍လာသဖြင့်ညဥ့်ဦးယံပူဇော်ချိန်၌ငါရှိရာသို့ရောက်၍။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၁။ ၉။ ဂါဗေလသည် အဘယ်ကြောင့်လာသနည်း။ နှုတ်ဆက်လျှက် အချင်းဒံယေလ၊ငါသည်သင်၌ဥာဏ်ညာတိုးပွားစေမည်အကြောင်းထွက်လာပြီ။ဒံယေလအနာဂတ္တိကျမ်း ၈း၂၂။ ၁၀။ ဘယ်အကြောင်းကိုဆင်ခြင်နားလည်ဖို့ရန် ဒံယေလအားကြားပြောသနည်း။ သင်သည်ဆုတောင်းစပြုသောအခါအမိန့်တော်ရှိသည်ဖြစ်၍သင့်အားကြားပြေပာခြင်းငှာ ငါရောက်လာပြီ။သင်သည်အလွန်ချစ်ခင်အပ်သောသူဖြစ်၏။ထို့ကြောင့်ဖေါ်ပြချက်အချက်ကိုဆင်ခြင်၍ နားလည်ရသောအခွင့်ရှိ၏။ ဒံယေလအနာဂတ္တိကျမ်း ၈း၂၃။မှတ်ချက် ။။မောလျှက်နာနေသောကြောင့်ဒံယေလသည်ယခင်ကနားမလည်သောအကြောင်းအရာကိုနားလည်စေခြင်းငှာဂါဗြေလသည်ရောက်လာ၏။ထိုကြောင့်ဒံယေလအားဖေါ်ပြချက်အချက်ကိုဆင်ခြင်ဖို့ရန် အခွင့်ပေး၏။ဘယ်ဖေါ်ပြချက်နည်း။သူနားမလည်သောဖေါ်ပြချက်(ဒံ၈း၂၇ကိုကြည့်)ရက်ပေါင်း၂၃၀၀နှင့်သန့်ရှင်းရာဌာနကိုဆေးကြောသုတ်သင်ခြင်းနှင့်ဆိုင်သောဖေါ်ပြချက်ဖြစ်သည်။ဂါဗြေလသည်အနက်အဓိပ္ပါယ်ကိုဖေါ်ပြခြင်းအစ၌ကာလအချိန်ကိုဖေါ်ပြသည်။ဒံယေလနားမလည်သောအရာသည်ဖေါ်ပြချက်တွင်ကာလ အချိန်ဖြစ်သည်။ ၁၁။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၄ ၌ဘယ်ကာလအချိန်အကြောင်းပြောပြသနည်း။ (သီတင်း၇၀ ကိုသင်၏အမျိုးသားချင်းအဖို့နှင့်သင်း၏သန့်ရှင်းသောမြို့အဖို့ဆုံးဖြတ်ခြင်းရှိ၏။)ထို ဆုံးဖြတ်ဆိုသောစကားသည်တစ်စုံတစ်ခုသောအရာမှဆုံးဖြတ်ရသည်။သီတင်း၇၀သည်ဘယ်အရာမှဆုံးဖြတ်သနည်း။ဖေါ်ပြခက်တွင်ရက်ပေါင်း၂၃၀၀မှတပါးအခြားကာလအချိန်တို့မှဆုံးဖြတ်ဖို့ရန်မရှိ။ (လွန်ကျူးခြင်းအမှုကိုဆီးတားခြင်း)သီတင်း၇၀ တွင်ယုဒလူမျိုးတို့သည်မိမိတို့၏အပြစ်ပယ်ရှားခြင်းကိုဆိုလိုသည်။မေရှိယတည်းဟူသောခရစ်တော်ကိုလက်ဝါးကပ်တိုင်ပေါ်မှာရိုက်ထားခြင်းနှင့်မိမိတပည့်များဟောပြောသောတရားတော်ကိုငြင်းပါယ်ခြင်းအားဖြင့်သူတို့၏အပြစ်သည်ပြည့်စုံခြင်းသို့ရောက်လေသည်။(၁) အပြစ်ကိုတံဆိပ်ခပ်ခြင်းငှာ။(၂)အပြစ်ကိုဖြေရှင်းခြင်းငှာ။(၃)ထာဝရကုသိုလ်ကိုသွင်ူခြင်းငှာ။ဤအရာတို့ကကျွန်ုပ်တို့အဖို့ခရစ်တော်ပြုတော်မူသောယဇ်ပူဇော်ခြင်းအားဖြင့်မင်္ဂလာအကျိုးကျေးဇူးများကိုညွန်ပြလေသည်။ငါသည်ခရစ်တော်၏ဧ၀ံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိ။အကြောင်းမူကားထိုတရားသည်ရှေးဦးစွာ၌ယုဒလူ၊နောက်၌ဧေသလလူယုံကြည်သမျှသောသူအပေါင်းတို့ကိုကယ်တင်စေသောဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။အဘယ်သို့ဖြစ်သနည်းဟူမူကားဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအားဖြင့်အသက် ရှင်လိမ့်မည်ဟုကျမ်းစာလာသည်နှင့်အညီယုံကြည်ခြင်း၌တည်သောဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားသည်ယုံကြည်ခြင်းအဖို့အလို့ငှာဧ၀ံဂေလိတရားအားဖြင့်ထင်ရှားလျှက်ရှိ၏ ။ ရောမသြ၀ါဒစာ ၁း၁၆-၁၇။ထိုသို့ဖြစ်သော်ဘုရားသခင်၏တန်ခိုးတော်အားဖြင့်ငါတို့၏ရန်ကိုငြီမ်းစေ၍ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့စေ တော်မူ၏။ထိုမိဿဟာရတရားကိုဟောတော်မူသောအခွင့်အရာကိုငါတို့၌အပ်ပေးတော်မူ၏။ထိုတရားဟူမူကားဘုရားသခင်သည်ခရစ်တော်အထဲ၌ ရှိနေလျှက်လောကီသားတို့၏အပြစ်များကိုမှတ်တော်မမူ။ရန်ကိုငြိမ်းစေ၍ကိုယ်တော်နှင့်မိဿဟာရဖွဲ့စေတော်မူ၏။ထိုမိဿဟာရတရားကိုလည်းငါတို့၌အပ်ပေးတော်မူ၏။ ထို့ကြောင့်ငါတို့သည်ခရစ်တော်၏သံတမန်ဖြစ်ကြ၏။သင်တို့သည်ရန်ငြိမ်း၍ဘုရားသခင်နှင့်မိဿဟာရဖွဲ့ကြလော့ဟု ဘုရားသခင်သည်ငါတို့အားဖြင့်နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ငါတို့သည်ခရစ်တော်၏ကိုယ်စားဖြစ်၍သင်တို့ကိုတောင်းပန်သွေးဆောင်ကြ၏။အဘယ့်ကြောင့်နည်းဟူမူကားဘုရားသခင်သည်အပြစ်နှင့်ကင်းသောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏။အကြောင်းမူကားထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။ကောရိ န္တုသြ၀ါဒစာဒုတိယစောင်၅း၁၈-၂၁။ထိုမျှမကငါ၏သခင်ယေရှုခရစ်ကိုသိသောပညာသည်အဘယ်မျှလောက်မြတ်သည်ကိုထောက်၍။ ဖိလိပ္ပိသြ၀ါဒစာ၃း၉။ထိုသို့ပူဇော်ရသည်မှန်လျှင်ကမ္ဘဦးအစ၌အဖန်များစွာအသေခံတော်မူရ၏။ယခုမူကားဤကပ်ကာလအဆုံး၌တခါတည်းကိုယ်ကိုပူဇော်သောအားဖြင့်အပြစ်များကိုသုတ်သင်ဖယ်ရှင်းခြင်းငှာပေါ်ထွန်းတော်မူ၏။ ဟေဗြဲသြ၀ါဒစာ ၉း၂၆။ (ဗျာဒိတ်ရူပါရုံနှင့်အနာဂတ္တိဖော်ပြချက်တို့ကိုတံဆိပ်ခတ်ခြင်းငှာ)တံဆိပ်သည်တရားအတိုင်းစာချုပ်များကိုမူလအမှန်စင်စစ်ဖြစ်စေဖို့ရန်သုံးတတ်သောအရာဖြစ်သည်။အနာဂတ္တိဖေါ်ပြချက်တို့ကိုယုံမှားခြင်းမရှိဘဲအမှန်တည်ကြောင်းဤနေရာ၌(တံဆိပ်ခတ်ခြင်း)ဟူ၍ဆိုသည်။ရာက်ပေါင်း၂၃၀၀ ကိုဧကန်အမှန်ပြည့်စုံစေလိမ့် မည်အကြောင်းကျွန်ုပ်တို့အားသာ၍ယုံကြည်စေသည်။(အလွန်သန့်ရှင်းသောအရပ်ဌာကိုလိမ်းစေခြင်းငှာ) ဆိုသော်ယဇ်ပရောဟိတ်မင်း၏အလုပ်ဆောင်ရွက်ဖို့ရန်ခရစ်တော်သည်မ၀င်မီကောင်းကင်နှင့်ဆိုင်သောသန့်ရှင်းရာဌာနကိုဘိသိတ်ခံခြင်းတည်းဟူသောဆီလိမ်းခြင်းကိုဆိုလိုသည်။ ယခုမူကားကောင်းကင်ဘုံထဲသို့ကြွဝင်တော်မူသောယဇ်ပရောဟိတ်မင်းအကြီးတည်းဟူသောဘုရားသခင်၏သားတော်ယေရှုသည်ငါတို့၌ယဇ်ပရောဟိတ်မင်းဖြစ်တော်မူသောကြောင့်ငါတို့သည်ဝန်ခံခဲ့ပြီးသောအရာ၌တည်ကြည်ကြကုန်အံ့။ငါတို့ယဇ်ပရောဟိတ်မင်းသည်ငါတို့ခံရသောဆင်းရဲဒုက္ခမျာေးကြာင့်မကြင်နာနိုင် သောသူမဟုတ်။ငါတို့ခံရသည့်နည်းတူအမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းတို့ကိုခံဘူးသောသူဖြစ်တော်မူ၏။သို့ရာတွင်ဒုစရီုက်အပြစ်နှင့်ကင်းလွှတ်တော်မူ၏ထို့ကြောင့်ငါတို့သည်သနားခြင်းကရာဏာတော်ကို၎င်း၊တော်လျှော်သောမစသောကျေးဇူးတော်ကို၎င်း၊ခံရမည့်အကြောင်းရဲရင့်သောစိတ်နှင့်ကျေးဇူးပလ္လင်တော်သို့တိုးဝင်ချဉ်းကပ်ကြကုန်အံ့။ဟေဗြဲကြ၀ါဒစာ ၄း၁၄-၁၆။ထို့ကြောင့်ခရစ်တော်သည်လူတို့၏အပြစ်ဖြေစရာအကြောင်းကိုစီရင်၍ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ကရုဏာနှင့်၎င်း၊သစ္စာနှင့်၎င်း၊ပြည့်စုံသောယဇ်ပရောဟိတ်အကြီးဆုံးဖြစ်အံ့သောငှာ၊မိမိညီအကိုတို့နှင့်လုံး လုံးတူရသောအကြောင်းရှိ၏။ ။ဟေဗြဲကြ၀ါဒစာ၂း၁၇။သီတင်း၇၀ ၊ရက်ပေါင်း (နှစ်ပေါင်း) ၄၉၀ ဖြစ်၏။၎င်းးနှစ်ပေါင်း၄၉၀ သည်ဒံယေလဗျာဒိတ်ရူပါရုံမြင်ရသောအချိန်ရက်ေါင်းနှစ်ပေါင်း ၂၃၀၀ က(ဆုံးဖြတ်) ရမည်။ထို့ကြောင့်၎င်းနှစ်ပေါင်း ၄၉၀ ၏ အစကိုသိလျှင် နှစ်ပေါင်း၂၃၀၀ ၏ အစကိုသိနိုင်သည်။ ၁၂။ ထိုနှစ်ပေါင်း၄၉၀ ၏အစသည် ဘာအမှတ်ရှိသနည်း။ ထို့ကြောင့်ယေရုရှလင်မြို့ကိုတစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည်နေ့မှစ၍ခရစ်တော်သခင်၏လက်ထက်တော်တိုင်အောင်ခုနှစ်သီတင်းနှင့်ခြောက်ဆယ်နှစ်သီတင်း ကြာလိမ့်မည်ဟုသိမှတ်နားလည်လော့။အနှောင့်ယှက်ခံရသောကာလ၌မြို့လမ်းကိုတဖန်တည်ထောင်ပြုစုရမည်ဟုစီရင်ဆုံးဖြတ်ခြင်းရှိ၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၅။ မှတ်ချက်။ ။သီတင်း ၇၀ မှ ၆၉ သီတင်းသည်ဘိသိတ်ခံသောခရစ်တော်သခင် လက်ထက်တိုင်အောင်အထိရောက်သည်။ထိုအချိန်မှအစသည်(ယေရုရှလင်မြို့ကိုတဖန်တည်ထောင်ပြုစုစေခြင်းငှာအမိန့်တော်ရှိသည့်နေ့)အားဖြင့်မှတ်သည်။ဤစကားကိုဒံယေလအားပြောသောအခါယေရုရှလင်မြို့သည်ပြိုပျက်လျှက်ရှိနေပြီ။ သို့သော်လည်းထိုမြို့ကိုတဖန်တည်ထောင်ပြုစုဖို့ရန်ဘုရားသခင်၏ကတိတော်ရှိသည်။ ၁၃။တစ်ဖန်တည်ထောင်ပြုစုဖို့ရန်အမိန့်တော်သည်ဘယ်သောအခါထုတ်သနည်း။ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမောရှေ၏ပညတ္တိကျမ်းစာကိုလေ့ကျက်သောဆရာဖြစ်သောသူ ဧဇရသည် ဗာဗုလုန်မြို့မှထွက်သွား၏။ ထိုသူတောင်းသမျှကိုသူ၏ဘုရားသခင်ထာဝရဘုရားသခင်ထာဝရဘုရားတန်ခိုးတောေ်ကြာင့်ရှင်ဘုရင်ပေးသနားတော်မူ၏။အာတဇေရဇ်မင်းကြီးနန်းစံ ခုနှစ်နှစ်တွင်အချို့သောဣသရေလအမျိုးသားယဖ်ပရောဟိတ်၊လေ၀ိသား၊သီချင်းသည်၊တံခါးစောင့်၊ဘုရားကျွန်တို့သည်လည်းယေရုရှလင်မြို့သို့လိုက်သွား၏။ရှင်ဘုရင်နန်းစံခုနှစ်နှစ်၊ပဉ္စမလတွင် ဧဇရသည်ယေရုရှလင်မြို့သို့ရောက်လေ၏။ပထမလတစ်ရက်နေ့တွင်ဗာဗုလုန်မြို့မှထွက်၍ပဉ္စမလ တစ်ရက်နေ့တွင် မိမိဘုရားသခင်တန်ခိုးကျေးဇူးတော်ကြောင့် ယေရုရှလင်မြို့သို့ရောက်လေ၏။ ဧဇရ မှတ်စာ ၇း၆-၉။ထာဝရဘုရား၏ ပညတ်စကားနှင့်ဣသရေလအမျိုး၌ထုံးဖွဲ့တော်မူချက်တို့ကိုလေ့ကျက်သောဆရာယဇ်ပရောဟိတ်ဧဇရအား၊ဆာတဇေရဇ်မင်းကြီးပေးတော်မူသောအမိန့်တော်စာချက်ဟူမူကား၊ သင်တို့၏ဘုရင်အာတဇေရဇ်သည်ကောင်းကင်ဘုံ၏အရှင်ဘုရားသခင့်တရားကျမ်းတတ်ဆရာယဇ်ပရောဟိတ်ဧဇရ၌ခပ်သိမ်းသောမင်္ဂလာဖြစ်စေသောဟူ၍ဤမည်သောကာလတွင်မှာလိုက်၏။ငါ့နိုင်ငံ၌ရှိသောဣသရေလအမျိုးသားယဇ်ပရောဟိတ်၊လေ၀ိသားတို့တွင်ယေရုရှလင်မြို့သို့ကိုယ်အိလုအလျှောက်သွားချင်သောသူရှိသမျှတို့သည်သင်နှင့်အတူလိုက်သွားရလိမ့်မည်အကြောင်းငါအမနိ့တော်၇ှိ၏။အကြောင်းမူကား။သင်ဒဘုရားသခင့်တရား ကိုသင်လေ့ကျက်သည့်အတိုင်း၊ယုဒပြည်ယေရုရှလင်မြို့၌တရားအမှုများကိုမေးမြန်းစစ်ဆေးစေခြင်းငှာ၎င်း၊ယေရုရှလင်မြို့မှာကျိန်းဝပ်တော်မူသောဣသရေလအမျိုးတို့၏ဘုရားသခင်အား၊ရှင်ဘုရင်နှင့်အတွင်းဝန်တို့သည်ကြည်ညိုသောစိတ်နှင့်ပူဇော်သောရွှေငွေနှင့်တကွဣသရေလအမျိုးသား၊ယဇ်ပရောဟိတ်တို့သည်ယေရုရှလင်မြို့၏ဘုရားအိမ်တော်အဘို့ ၊အလိုလိုလျူ၍၊ဗာဗုလုန်ပြည်၌ သင်ရနိုင်သမျှသောရွှေငွေကိုဆောင်သွားစေခြင်းငှါ ၎င်း၊ရှင်ဘုရင်နှင့်အတွင်းဝန်ခုနှစ်ပါး၊စေလွှတ်၏။ထိုငွေကိုယူပြီးလျှင်နွား၊သိုးထီး၊သိုးသငယ်နှင့်တကွ၊ဘောဖဉ်ပူဇော်သက္ကာ၊သွန်းလောင်းရာပူဇော်သက္ကာတို့ကို၊အလျှင်အမြန်ဝယ်၍၊ယေရု ရှလင်မြို့၌ ရှိသောသင်တို့၏ဘုရားအိမ်တော်ယဇ်ပုလ္လင်ပေါ်မှာပူဇော်၇မည်။ကျနိကြွင်းသောရွှေငွေကိုသင်နှင့်သင့်ညီအကိုတို့ကိုပြုချင်သမျအတိုင်း၊သင်တို့၏ဘုရားသခင်အလိုတော်နှင့်အညီပြုလော့။သင်၏ဘုရားအိမ်တော်ဝတ်ပြုစရာအဘို့သင်၌အပ်ပေးသောတန်ဆာများကိုလည်း၊ယေရုရှလင်မြို့၏ဘုရားသခင်ရှေ့တော် တွင်သိုထားလော့။သင်၏ဘုရားသခင်အိမ်တော်အဘို့လိုသေးသောအရာ၊၀ယ်သင့်သမျှတို့ကိုဘဏ္ဍာတော်ထဲကထုတ်၍၀ယ်လော့။ကောင်းကင်ဘုံ၏အရှင်ဘုရားသခင့်တရားကိုလေ့ကျက်သောဆရာ၊ယဇ်ပရောဟိတ်ဧဇရ တောင်းသမျှအတိုင်းငွေအခွက်တထောင်၊ဂျုံဆန်ကောရတရာ၊စဗျစ်ရည်ဗက်တရာ၊ဆီဗက်တရာ၊ နှင့်တကွဆားမည်မျှမဆို၊မြစ်အနောက်ဖက်၌နေသောအခွန်ဝန်အပေါင်းတို့သည်၊အလျှင်အမြန်ပေးရမည်အကြောင်းငါရှင်ဘုရင်အာတဇေရ အမိန့်တော်ရှိ၏။ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်မှာထားတော်မူသမျှအတိုင်း၊ထိုဘုရားသခင်၏အိမ်တော်အဖို့ကြိုးစား၍လုပ်ဆောင်စေ။ရှင်ဘုရင်နှင့်ဆွေတော်မျီုးတော်အပေါ်သို့ အဘယ်ော့ာင့်အမျက်တော်သက် ရောက်ရမည်နည်း။ထိုမှတပပါးယဇ်ပရောဟိတ် လေ၀ိသား၊သီချင်းသည်တံခါးစောင့်၊ဘုရားကျွန်၊ဘုရားသခင်၏အိမ်တော်အမှုစောင့်တစုံတယောက်မျှ၊ငွေတော်ကိုမခွဲစေနှင့်။အခွန်တော်အကောက်တော်ကိုမခံမယူစေနှင့်ဟုငါမှာလိုက်၏။သင်ဧဇရသည်လည်းသင်၏ဘုရားသခင့် တရားကိုနားလည်သောမြစ်အနောက်ဖက်သားအပေါင်းတို့တွင်၊တရားအမှုကိုစီရင်စေခြင်းငှါ၎င်း၊မသိသောသူတို့ကိုသွန်သင်စေခြင်းငှာ၎င်း၊မင်းများ၊တရားသူကြီးများကို၊သင်၏ဘုရားသခင်ဥာဏ်နှင့်သင်ပြည့်စုံသည်အတိုင်းခန့်ထားလော့။သင်၏ဘုရားသခင့်တရားနှင့်ရှင်ဘုရင်အမိန့်တော်ကိုငြင်းဆန်သောသူမည်သည်ကားအသေသတ်ခြင်းနှင်ထုတ်ခြင်း၊ဥစ္စာသိမ်းယူခြင်း၊ ၊ထောင်ထဲမှာလှောင်ထားခြငး၊တည်းဟူသောရာဇ၀တ်တစုံတခုကိုအလျှင်အမြန်ခံစေဟုအမိန့်တော်စာ၌ပါသတည်း။ဧဇရမှတ်စာ ၇း၁၁-၂၆။မှတ်ချက်။ ။ မေဒိပေရံသိ၇ှင်ဘုရင်အာတေဇရဇ် နန်းစံသတ္တမ နှစ်သည်ရာဇ၀င်အတိုင်း ခရစ်တော် မပေါ်ထွန်းမီသက္ကရာဇ် ၄၅၇ ခုနှစ်ဖြစ်သည်။ ၁၄။ ခရစ်တော်မပေါ်ထွန်းမီ သက္ကရာဇ် ၄၅၇ ခုနှစ်မှစလျှင် ၆၉ သီတင်း(နှစ်ပေါင်း ၄၈၃ ) သည်ဘယ်သော အခါ၌ကုန်ဆုံးသနည်း။ အဇြေ။ ။နှစ်ပေါင်း၄၈၃ သည်ခရစ်တော်မပေါ်ထွန်းမီ သက္ကရာဇ် ၄၅၇ ခုနှစ် ပထမနေ့မှစလျှင် ခရစ်တော်သက္ကရာဇ် ၂၆ ခုနှစ်နောက်ဆုံးနေ့တွင် ပြည့်စုံမည်။သို့သော်လည်း ဧဇရ သည် ယေရုရှလင်မြို့သို့ရောက်သောအခါ ၎င်း ၄၅၇ ခုမြောက်သောနှစ်၌ငါးလလွန်လေပြီ။ထို့ကြောင့်နှစ်ပေါင်း၄၈၃ သည်ခရစ် သက္ကရာဇ် ၂၆ ခုနှစ်နောက်ဆုံးနေ့၌ မကုန်မဆုံးသေး။သို့သော် ၂၇ ခုမြောက်သောနှစ်၊ ပဉ္စမလ ကျရောက်မှသာကုန်ဆုံးမည်။ယုဒလူတို့သည်သူတို့၏နှစ်ကိုစရေတွက်သောအခါမြန်မာလူမျိုးတို့ကဲ့သို့ရေတွက်ကြသည်။ထို့ကြောင့်၎င်းပဉ္စမ လသည် အင်္ဂလိပ်နှစ်တွင် ၈-၉ လနှင့်ညီမျှသည်။ ၁၅။ ။ခရစ်တော်နှင့်မေ၇ှိယဆိုသောစကားတို့၏အဓိပ္ပါယ်အဘယ်သို့နည်း။ အဖြေ။ ။ဟေဗြဲ စကားနှင့် မေရှိယ၊ဟေသလ စကားနှင့် ခရစ်တော်၊မြန်မာစကားနှင့် ဘိသိတ်ခံသောသူဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင် ၁း၄၁။ ၁၆။ ဘယ်သောအခါ၌ ဘိသိတ်ခံတော်မူသနည်း။ လူအပေါင်းတို့သည်နှစ်ခြင်းကိုခံကြသောအခါ ယေရှုသည်လည်းနှစ်ခြင်းကိုခ့တော်မူ၍ဆုတောင်းစဉ်တွင်ကောင်းကင်ဖွင့်လှစ်သဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည်ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျှက် ကိုယ်တော်အပေါ်၌ဆင်းသက်တော်မူ၍သင်ကားငါနှစ်သက်မြတ်နိုးရာ ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော် ဖြစ်လေ၏။ ရှင်လုကာခရစ်ဝင်၃း၂၁၂၂။ထိုအကြောင်းအရာဟူမူကား၊ဘုရားသခင်သည်သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း။တန်ခိုးတော်နှင့်၎င်း၊နာဇရက်မြို့သားယေရှုကိုဘိသိတ်ပေးတော်မူသဖြင့်ထိုသူသည်ဘုရားသခင်၏အမှုတော်နှင့်ကျေးဇူးပြုလျှက်မာရ်နတ်ညှဉ်းဆဲသောသူအပေါင်းတို့အား၊ချမ်းသာပေးလျှက်လှည့် လည်တော်မူ၏။တမန်တ်ာဝတ္ထု ၁၀း၃၈။မှတ်ချက်။ ခရစ်တော်သက္ကရာဇ် ၂၇ ခုနှစ် ပဉ္စမ လလောက်တွင် သခင်ယေရှုခရစ်သည်နှစ်ခြင်းခံတော်မူသည်။ဤနှစ်သည်ရောမဘုရင် တိဗေရိ ၊ကဲသာနန်းစံ ၁၅ နှစ်တွင်ဖြစ်သည်။ ၁၇။ သီတင်း၇၀ ထဲက ကျန်နေသော တစ်သီတင်းအလယ်၌ ဘာဖြစ်စေသနည်း။တစ်သီတင်းတွင် လူအများတို့နှင့် ပဋ္ဋိညာဉ်ဖွဲ့ ခြင်းရှိ၍ ထိုသီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့်ဆပ်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ရွံရှာဖွယ်သောအရာ၏၊အထွက်အပေါ်သို့ ဖျက်ဆီးသောသူသည်စီရင်ဆုံး ဖြတ်သောသုတ်သင်ပယ်ရှင်းခြင်းသည်ပျက်စီးအပ်သောသူတို့ကို မလွှမ်းမိုးမီတိုင်အောင်ထိုသို့ဖြစ်လိမ့်မည်ဟုကြားပြော၏။ ဒံယေလအနာဂတ္တိကျမ်း ၉း၂၇။မှတ်ချက်။ ။ ၆၉ သီတင်းအလွန်ခရစ်တော်သည်အသေသတ်ခြင်းခံ၍ (ငယ် ၂၆) ယဇ်ပူဇော်ခြင်းနှင့် ဆပ်ကပ်ခြင်းကိုပပျောက်စေသည်။(ငယ်၂၇) ဤ အချက်သည် ခရစ်တော်အသေခံခြင်းအကြောင်းအနာဂတ်ဖြင့်ဖော်ပြ၍သီတင်းတ၀က်ဖြစ်သည်။၆၉ သီတင်းသည်ခရစ်သက္ကရာဇ် ၂၇ အင်္ဂလိပ် ၈-၉ လတွင် ပြည့်၍၊(သီတင်းဝက် ) သုံးနှစ်ခွဲသည်ထိုသက္ကရာဇ် ၂၇ ခု၊၈-၉ လ နှင့်ပေါင်းလိုက်သော် သက္ကရာဇ် ၃၁ ခု ၊၂-၃လသို့ရောက်စေသည်။သုံးနှစ်ခွဲပါတ်လုံးအမှုတော်ကိုဆောင် ရွက်ပြီးသည့်နောက် ခရစ်တော်သည် ထိုသက္ကရာဇ် ၃၁ခု၊၂-၃ လတွင် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခြင်းခံတော်မူသည်။ ၁၈။ နောက်ဆုံးတစ်သီတင်းတွင် ဘာလုပ်တော်မူသနည်း။ (တစ်သီတင်းတွင် လူအများတို့နှင့်ပဋိညာဉ်ဖွဲ့သည်) ဒံယေလအနာဂတ္တိကျမ်း ၉း၂၇။မှတ်ချက်။ ။ ယုဒလူတို့ကိုမိမိပိုင်ထိုက်တော်မူသော အမျိုးဖြစ်စေဖို့ ပဋိညာဉ်တော်သည် သီတင်း၇၀ တွင်နောက်ဆုံးသီတင်းအဆုံး၌ ကုန်ဆုံးသည်။၆၉ သီတင်းသည်ခရစ်သက္ကရာဇ်၂၇ ခုနှစ်တွင်ကုန်ဆုံး၍(တစ်သီတင်း) ခုနှစ် နှင့်ပေါင်း လိုက်သော် သက္ကရာဇ် ၃၄ ခုနှစ်ဖြစ်လေသည်။ခရစ်တော်သည် ယုဒ လူမျိုးအားသုံးနှစ်ခွဲပါတ်လုံး၊မိမိအမှုတော်ဆောင်ရွက်ခြင်းအားဖြင့် ပဋိညာဉ်ဖွဲ့သည်။ကျန်သုံးနှစ်ခွဲ မှာ၊( သခင်ဘုရားဟောတော်မူ၍ ဒေသနာစကားတော်ကိုကြားရသောသူတို့) (ဟေဗြဲ ၂း၃-၄) သည် ပဋိညာဉ်ဖွဲ့ ကြ၏။ သက္ကရာဇ် ၃၄ ခုနှစ်တွင် ဘုရားသခင်သည် တစ်ပါးအမျိုးသားတို့အားလည်း၊ကယ်တင်ခြင်းရဖို့ရန် အခွင့်ကိုပေးကြောင်း မျာဒစွာသောအကြောင်းနှင့်ပြသည်မှာ သတေဖန်ကိုသတ်၍ တစ်ပါးအမျိုးသားတို့အဖို့ ဖြစ်သောပေါလုသည် သခင်ဘုရားဖက်သို့ပြောင်းလဲသည်။ဘုရားသခင်အမိန့်တော်အတိုင်း ပေတရုသည် ကောနေလိအိမ်သို့သွား၍အိမ်သူအိမ်သားအပေါင်းတို့အား အသက်လမ်းကိုဟောပြော၏။ဖိလိပ္ပုသည် ရှမာရိလူတို့အား တရားဟောသည်။ဤအချိန်မှစ၍ ယုဒလူတို့သည် သမ္မာတရားကိုငြင်းပါယ်သောအခါ တမန်တော်တို့သည်ချက်ခြင်းမျက်နှာလွှဲ၍ တစ်ပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။တမန်တော် ၀တ္ထု၁၃း၄၆။ ယုဒလူမျိုးအဖို့ ဆုံးဖြတ်သောအချိန်သည် ကုန်ဆုံး၍၊ ဒံယေလ ၉ တွင် အနာဂတ္တိစကားတော်သည်ပြည့်စုံလေ၏။ ၁၉။ ရက်ပေါင်း ၂၃၀၀ သည် ဘယ်သက္ကရာဇ်ထိအောင်ရောက်သနည်း။ အဖြေ။ ။အထက်ကပြလာသည်အတိုင်း သီတင်း၇၀ ( နှစ်ပေါင်း ၄၉၀ ) သည် ခရစ်တော်သက္ကရာဇ် ၃၄နှစ်တွင် ရောက်သည်။နှစ်ပေါင်း၂၃၀၀ မှ နှစ်ပေါင်း ၄၉၀ နှုတ်သော် ၊၁၈၁၀ နှစ်မျှကျန်သည်။၁၈၁၀ နှစ်များသည် ခရစ်သက္ကရာဇ် ၃၄ ခုနှစ်ပေါင်းလိုက်သော် ၁၈၄၄ ခုနှစ်သို့ ရောက်၍ ၎င်းးနှစ်၌ သန့်၇ှင်းရာ ဌာနကို ဆေးကြောသုတ်သင်သည် ။ ဒံယေလအနာဂတ္တိကျမ်း ၈း၁၄။သန့်ရှင်းရာ ဌာန ဆေးကြေားသုတ်သင်ခြင်းကို နားလည်ဖို့ရန် သန့်ရှင်းရာ ဌာနနှင့် ၀တ်ပြုခြင်းအကြောင်းကို ကြည့်ပါ။
ရောမဗရင်ဂျီ ပုပ်ရဟန်းမင်းကြီး သာသနာထွန်းကားခြင်း ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၇ ၁။ ဒံယေလအခန်းကြီး ၇တွင် ရူပါ ရုံ၌ အဘယ်အကြောင်းအရာသည် ပုရောဖကိကိုစိတ်စွဲစေသနည်း။ ဗာဗုလုန်ရှင်ဘုရင် ဗေလရှာဇာနန်းစံပဌမနှစ်တွင်၊ ဒံယေလသည် အိပ်မက်ကိုမြင်၍ အိပ်ပျော်စဉ်၊ စိတ်ထဲ၌ အာရုံပြုပြီးမှ မြင်မက်သောအရာတို့ကို ရေးထားသောအချက်ကား၊ငါဒံယေလသည် ညဥ့်အခါ အာရုံပြု၍၊မိုဃ်းကောင်းကင်လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒရာပေါ်မှာ အချင်းချင်း တိုက်ကြလျှင်၊ ဒံယေလအနာဂတ္တိကျမ်း ၇း၁-၂။ ၂။လေတို့သည် အချင်းချင်းတိုက်ကြသောကြောင့် သမုဒ္ဒရာ ထဲက ဘာတက်လာသနည်း။ သဏ္ဌာန်ချင်းမတူသော သားရဲလေးကောင်တို့သည် သမုဒ္ဒရာထဲက ထွက်လာကြ၏။ ပဌမသားရဲသည် ခြသေ့င်္နှင့်တူ၏။ ရွှေလင်းတ အတောင်လည်းရှိ၏။ ဒံယေလအနာဂတ္တိကျမ်း ၇း၃။ ၃။ထိုသားရဲလေးကောင် တို့သည်ဘာနှင့်တူသနည်း။ ငါကြည့်ရှု၍နေစဉ်၊ သူ၏အတောင်ကို နှုတ်ကြ၏။ မြေမှကိုယ်ကိုချီကြွလျက် လူကဲ့သို့ ခြေဖြင့် မတ်တပ်ရပ်၍၊ လူစိတ် သဘောကိုလည်းရ၏။ ဒုတိယသားရဲသည် ဝံနှင့်တူ၏။တဘက်၌ ကိုယ်ကိုကိုယ်ချီကြွ၏။ ပစပ်၌နံရိုးသုံးချောင်းကို ကိုက်လျက်ရှိ၏။ သင်ထလော့။ အသားများကို ကိုက်စား လော့ဟု သူ့အားပြောကြ၏။တဖန်ငါကြည့်ရှုပြန်၍၊ ကျားသစ်နှင့် တူသောသားရဲ တကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက်အတောင်လေးခု ရှိ၏။ ခေါင်းလေးလုံးနှင့် ပြည့်စုံ၏။ အုပ်စိုးရသောအခွင့်လည်းရှိ၏။ ထိုညဥ့်အခါ၊ တဖန်ငါသည် အာရုံပြုစဉ်၊ ကြီးစွာသောခွန်အားဖြင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဘွယ်သော စတုတ္ထ သားရဲသည် ထင်ရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသော အရာကို ခြေဖြင့်နင်းချေ၏။ သူသည် အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်းရှိ၏။ ဒံယေလအနာဂတ္တိကျမ်း ၇း၎-၇။ ၄။ချိုဆယ်ချောင်းကိုစဉ်းစားဆင်ခြင်လျှက်နေစဉ် ထိုချိုများအလယ်၌ ဘာမြင်၍ ဘာအကျိုးဖြစ်ထွန်းသနည်း။ ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသောစကားကို ပြောတတ် သော နှုတ်နှင့်၎င်း ပြည့်စုံ၏။ဒံယေလအနာဂတ္တိကျမ်း ၇း၈။ ၅။ ထိုချိုငယ်လေးအကြောင်းကို အဘယ်ကဲ့သို့ဖော်ပြထားသနည်း။ ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသောစကားကို ပြောတတ် သော နှုတ်နှင့်၎င်း ပြည့်စုံ၏။ဒံယေလအနာဂတ္တိကျမ်း ၇း၈။ ၆။၎င်းရူပါရုံသည် ဒံယေလစိတ်သဘောကို ဘယ်ကဲ့သို့ဖြစ်စေသနည်း။ဒံယေလဘာလုပ်သနည်း။ငါဒံယေလသည် ကိုယ်ခန္ဒာတုန်လှုပ်၍၊ ထိုရူပါရုံကြောင့် စိတ်ပူပန်ခြင်းရှိလျှင်၊ အနား၌ရပ်နေသော သူ တယောက်ထံသို့ သွား၍၊ ယခုမြင်သမျှကား၊ အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းသော်။ ဒံယေလအနာဂတ္တိကျမ်း ၇း၁၅-၁၆။ ဂါဗြေလသည် ရူပါရုံကိုဖတ်ခြင်း ၇။၎င်းသားရဲလေးကောင်တို့၏ အနက်အဓိပ္ပါယ်ကို ဒံယေလအားကောင်းကင်တမန်က အဘယ်ကဲ့သို့ ဖေါ်ပြသနည်း။ ထိုသူက၊ ဤသားရဲ လေးကောင်တို့သည် မြေကြီးပေါ်မှာ ပေါ်လတံ့သော နိုင်ငံလေးပါးဖြစ်၏။သို့သော်လည်း၊အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ၍ ကမ္ဘာအဆက်ဆက် စံစားကြလတံ့ဟု အနက်အဓိပ္ပါယ်ကိုကြားပြော၏ ဒံယေလအနာဂတ္တိကျမ်း ၇း၁၇-၁၈။ ၈။ဒံယေလအထူးတောင်းပန်သောကြောင့် ကောင်းကင်တမန်သည် ထိုစတ္တုထ သားရဲ၏ အနက်အဓိပ္ပါယ်ကို အဘယ်ကဲ့သို့ထပ်မံဖော်ပြသနည်း။ ၈။ဒံယေလအထူးတောင်းပန်သောကြောင့် ကောင်းကင်တမန်သည် ထိုစတ္တုထသားရဲ၏အနက်အဓိပ္ပါယ်ကို အဘယ်ကဲ့သို့ထပ်မံဖော်ပြသနည်း။ ထိုသူကလည်း၊စတုတ္ထသားရဲသည် မြေကြီးပေါ်မှာအခြားသောနိုင်ငံရှိသမျှတို့ထက်ထူးခြားသောစတုတ္ထ နိုင်ငံဖြစ်၏။ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည်။ ။ဒံယေအနာဂတ္တိကျမ်း ၇း၂၄ ၉။စတ္ထုသာရဲအပေါ်ရှိသောချိဆယ်ချောင်းတို့၏ အနက်အဓိပ္ပါယ်စကာမှာ အဘယ်သို့ရှိသနည်း ထိုနိုင်ငံ၌ ပေါက်သောချိုဆယ်ချောင်းသည် ပေါ်လတံ့သောမင်းကြီးဆယ်ပါးဖြစ်၏။သူတို့နောက်အခြားသောမင်းကြီးပေါ်လာ လိမ့်မည်။အရင်မင်းကြီးထက်ထူးခြား၍သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ဒံယေလအာနဂတ္တိကျမ်း ၇း၂၄ မှတ်ချက်။ ထိုအနာဂတ္တိစကားတို့တွင် လေး သမုဒ္ဒရာ ဆိုသောအနက်မှာစကားများမှာ ပုံပမာပြုသည်။ ရေကိုပုံပြု၍ဆိုသောစကာအနက်ကားဘာသာစကားပြောသောအသီးအသီးလူမျိုးနွှယ်များကိုဆိုလိုပေသတည်းဖလားခုနစ်လုံးရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့တွင်တပါးသည်လာပြီးလျှင်၊ငါ့ကိုနှုတ်ဆက်၍၊လာခဲ့ပါ။ ရေအပေါ်မှာထိုင်သော ပြည်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်။ဗျာဒိတ်ကျမ်း ၁၇း ၁ ယခုမြင်၍ ပြည်တန်ဆာထိုင်သောရေကား၊အသီးသီးဘာသာစကားကိုပြောသောလူအမျိုးမျိုးအစုစုဖြစ်သတည်း။ ဗျာဒိတ်ကျမ်း ၁၇း၁၅ တိုက်သောလေသောလေတို့အားအနက်အဓိပ္ပါယ်မှာနိုင်ငံကိုရလိုသောစစ်တိုက်ခြင်းကိုပံဆောင်ခြင်းဖြစ်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဘေးသည်တပြည်မှတပြည်သို့ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့မှ ပြင်းစွာသော လေဘွေသည်ထလိမ့်မည်။ထိုအခါထာဝရဘုရားကွပ်မျက် တော်မူခြင်းကိုရသောသူတို့သည် မြေကြီးတဘက်မှတဘက်တိုင်အောင် နှံ့ပြားကြလိမ့်မည်။သူတို့ကိုမမြည်တမ်းရ။မစုမပုံရ။မသင်္ဂြိုဟ်ရ။ မြေပေါ်မှာမစင်ကဲ့သို့ဖြစ်ကြလိမ့်မည်။အိုသိုးထိန်းတို့၊ငိုကြွေးအော်ဟစ်ကြလော့။အိုသိုးကြီးသိုးမြတ်တို့ ပြာ၌လူးလည်းလျက်နေကြလော့။ သင်တို့ကိုသတ်ရသောအချိန်ရောက်လေပြီ။အရပ်ရပ်သို့ငါမောင်းသဖြင့် သင်တို့သည်အဘိုးထိုက်သောတန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။ယေရိမိယအနာဂတ္တိကျမ်း၂၅း၂၃-၂၄ ရှေ့တော်၌ဆုတောင်း ခြင်းငှါင်း၊ နှစ်ပေါင်းများစွာပဉ္စမလတွင်ငိုကြွေး၍ခြိုးခြံစွာကျင့်ရပါမည်လောဟုကာင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်၌ရှိသောယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့အား မေးလျှောက်ခြင်းငှါင်း၊ရှရေဇာ၊ ရေဂင်္မေလက်နှင့် သူတို့လူများကိုဘုရားသခင်၏ အိမ်တော်သို့စေလွှတ်ကြ သောအခါ၊ ဇာခရိအနာဂတ္တိကျမ်း၇း၁၄ ပုပ်ရဟန်မင်းညှဉ်ဆဲအာဏာတန်ခိုးကိုသားရဲ ချိုငယ်ကလေးအားဖြင့်ပုံ ဆောင်လေသတည်း အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော်မူသော ရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုတ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သောအရောင်အဝါနှင့် ပြည့်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက်ဘွယ်သော ပုံသဏ္ဌာန်ကို ဆောင်လျက် ကိုယ်တော်ရှေ့၌တည်ရှိ၏။ သူ၏ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့်လက်နှစ်ဘက်သည် ငွေဖြစ်၏။ ဝမ်းနှင့်ပေါင်နှစ်ဘက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဘက်သည် သံဖြစ်၏။ ခြေဘဝါးနှင့်ဖမိုးသည် သံတပိုင်းသရွတ် တပိုင်းဖြစ်၏။ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့်မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည် သံနှင့်သရွတ် ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုးဖဲ့သည်ရှိသော်၊ သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့်ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေစရာမရှိ၊ပျောက်လေ၏။ ရုပ်တုကိုထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။ ယခုတွင် အိပ်မက်တော်၏အနက်ကို ဘော်ပြ၍ နားတော်လျှောက်ပါမည်။ အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော် အစွမ်းသတ္တိဘုန်းသရေကို ကိုယ်တော်အား ပေးတော်မူပြီ။လူနေရာရှိသမျှတို့နှင့် မြေကြီးသားတိရ စ္ဆာန်၊ မိုဃ်းကောင်း ကင်ငှက်များတို့ကို ကိုယ်တော်လက်၌အပ်ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသော အခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ရွှေဦးခေါင်း ဖြစ်တော်မူ၏။ကိုယ်တော်နောက်၌ ကိုယ်တော်၏နိုင်ငံလောက် မမြတ်သော နိုင်ငံတခုသည် တည်ထောင်လိမ့်မည်။ ထိုနောက်၊ မြေကြီးတပြင်လုံးကို အုပ်စိုးသောကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံသည် တည်ထောင်လိမ့်မည်။ စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံဖြစ်လိမ့်မည်။ သံသည် အခြားသော အရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်းကို ပြုလိမ့်မည်။ ရုပ်တု၏ ခြေနှင့် ခြေချောင်းတို့သည် သရွတ်တပိုင်း သံတပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြား သော နိုင်ငံဖြစ်လိမ့်မည်။ သို့သော်လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်ဖြစ်၍၊ သံသည် ခိုင်မာခြင်းသတ္တိရှိလိမ့်မည် ခြေချောင်းတို့သည်သံတပိုင်းသရွတ်တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာ ခြင်းနှင့်င်း၊ ကျိုးပဲ့ခြင်းနှင့်၎င်း ဆက်ဆံလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း၂း၃၂-၄၂ ဒ့ယေလအခန်းကြီးနှစ် အတွင်း ရုပ်တုကြီး၌ ရှိသောသတ္ထုလေးမျိုး သည် သားရဲလေးကောင်တို့နှင့်ညီညွတ်သည်။ရွှေဦခေါင်းကာခြင်္သေ့သည်ဗာဗုလုန်နိုင်ငံကိုဆိုလိုသည်။ငွေရက်ဘက်ကား၊ ငွေလက်နှစ်ဖက်တို့သည်နှင့်ဘီဘွတ်၍ မေဒိပေရသိနိုင်ငံကိုဆိုသည်။ ရုပ်တုကြေဝါသည် ဟေလသနိုင်ငံ(ဂရိနိုင်ငံ) တည်းဟူသောကမ္ဘာတစ်ခုလုံးကိုအုပ်စိုးသော စတ္ထုသာရဲနှင့် ညီညွတ်၍ ရောမနိုင်ငံရောမဗရင်ဂျီပုပ်ရဟန်မင်းကြီးသာသနာထွန်းကားခြင်းကိုဆိုလိုသည်။ချိုဆယ်ချောင်း ပေါ်ထွန်းခြင်းအကြောင်း မှာ ခရစ်သက္ကရာဇ် ၃၅၁=၄၈၃ နှစ်အတွင်း တွင် ရောမနိုင်ငံကြီးသည် ဆယ်နိုင်ငံ ကွဲပြားခြင်းအားဖြင့် ပြည့်စုံခြင်းသိုရောက်သည်။ထိုဆယ်နိုင်ငံတို့သည်ကားအလင်မန်နီ၊ဖရန့်(က)အန်ဂလိုဆက္ကဇန်၊ဗီဂေါ့(သ)ဆူဗီ၊ဘန်ဂန်(လ)လောင်းဘား(ဒ)ဟယ်ရှုလီ။အော်စတရှိ ဂေါ့(သ)နှင့်ဗန်ဒါး ဖြစ်ကြ၍ ဥရောပတိုက်တွင်ယခုရှိကြသောဂျာမနီ၊၊ပြင်သစ်၊အင်္ဂလန်၊စပိန်၊ ပေါ်တူဂီ၊ ဆွစ်ဇာလင်၊အီတလီနိုင်တိုခြင်နှင့်ညီညွတ်သည် ၁၀။ချိုငယ်၊ပါပသာသနာနာ၏ပုံပမာ ချိုငယ်ဘယ်ကပေါ်ပေါက်သနည်း ထိုချိုတို့ကိုငါကြည့်ရှုစဉ်၊ချိုများအလယ်၌ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ထိုချိုငယ်ရှေ့မှာအရင်ချိုသုံးချောင်းကိုအမြစ်နှင့်တကွ နှုတ်လေ၏။ထိုချိုငယ်သည်လူမျက်စိကဲ့သို့သောမျက်စိနှင့်၎င်း၊ကြီးစွာသောစကားကို ပြောတတ် သော နှုတ်နှင့်၎င်း ပြည့်စုံ၏။ဒံယေလအနာဂတ္တိကျမ်း ၇း၈ ၁၁။ထိုချိုငယ်တိုသည်ဤနိုင်ငံတစ်ခုပေါ်ထွန်းသောကြောင့်၎င်းနိုင်ငံဆယ်နိုင်ငံသည်သုံးနိုင်ငံဘာဖြစ်သနည်း ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသောစကားကို ပြောတတ် သော နှုတ်နှင့်၎င်း ပြည့်စုံ၏ ဒံယေလအနာဂတ္တိကျမ်း ၇း၈ ၁၂။ထိုချိုငယ်သည်ဘာထူခြားသောအရာရှိသနည်း ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသောစကားကို ပြောတတ် သော နှုတ်နှင့်၎င်း ပြည့်စုံ၏။ဒံယေလအနာဂတ္တိကျမ်း ၇း၈ ၁၃။ဤချိုငယ်နိုင်ငံသည် ဥရောပတိုက်တွင်ရှိအခြားနိုင်ငံတို့နှင့် ဘာခြားနားမှုရှိသနည်း ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်း သည် ပေါ်လတံ့သော မင်းကြီးဆယ်ပါးဖြစ်၏။ သူတို့နောက်အခြားသော မင်းကြီးပေါ်လာ လိမ့်မည်။ အရင်မင်းကြီး ထက်ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၇း၂၄ ၁၄။ထိုချိုငယ်ငသည် ဘုရားသခင်ကို၎င်း သန့်ရှင်သူတို့ကို၎င်း ဘုရားသခင်ပညတ်တရားတို့ကိ၎င်း အဘယ်သို့ အကြံစီရှိသနည်း အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရား တို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၇း၂၅ ၁၅။အဘယ်အျှကာလပတ်လုံး သန့်ရှင်းသူတို့ကို၎င်း ကာလအချိန်ကို၎င်း ပညတ်တရားတို့ကို၎င်း သူ၏ လက်အောက်၌ ထားရှိမည်သနည်း အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရား တို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၇း၂၅ ဗျာဒိတ်ကျမ်း၌ တစ်လ၊ နှစ်ကာလ၊ ကာလတစ်ဝက်၊ ရှက်ပေါင်း ၁၂၆၀ လေးဆယ်နှစ်လ။ မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ပျံနိုင်မည်အကြောင်း၊ ရွှေလင်းတကြီး၏အတောင်နှစ်ဘက်ကိုရလေ၏။ ဗျာဒိတ်ကျမ်း ၂၁း၁၄း၁၆ ဗိမာန်တော် တန်တိုင်းကိုမတိုင်းနှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို၊ လ လေးဆယ်နှစ်လပတ်လုံး နင်းကြလိမ့်မည်။ ဗျာဒိတ်ကျမ်း၁၁း၂ ထိုသားရဲသည်လည်း ကြီးစွာသောစကားကို၎င်း၊ဘုရားသခင်ကို ပြစ်မှားသောစကားကို၎င်း ပြောတတ်သောနှုတ်နှင့် ပြည့်စုံ၍ လလေး ဆယ်နှစ်လပတ်လုံး စီရင်ရသော အခွင့်ကို ရ၏။ ဗျာဒိတ်ကျမ်း ၁၃၅ တစ်ကာလ၊နှစ်ကာလ၊ကာလတစ်ဝက်၊ သည် သုံးနှစ်ခွဲနှင့်တြူီသည် ကျမ်းစာ၏ တစ်မှား ရက်ပေါင်း ၃၆၀ ရှိသောကြောင် သုံနှစ်ခွဲရက်ပေါင်း ၁၂၆၀ မိန်းမသည် အရက်တထောင်နှစ်ရာ ခြောက်ဆယ်ပတ်လုံး တော၌ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။ ဗျာဒိတ်ကျမ်း ၁၂း၆ တွင်းပါရှိသောအတိုင်းနှင့် ညီညွတ်ပေသည် .ကျမ်းစာ၏ လမှာ ရက်ပေါင်၃၀ ရှိသော ကြောင့် ၄၂လသည် ထိုရက်ပေါင်း ၁၂၆၉ နှင့်ညီမျှပေသည် သမ္မာကျမ်းစာ၌ ကာလအချိန်ကိုအနာဂတ္တိအားဖြင့်သုံးသောအခါ တစ်ရက်ကို တစ်ယူနှစ် ရမည်။ တဖန်တုံ၊ အချင်းလူ သား၊ ယေရုလင်မြို့ ၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊စိုးရိမ်သောစိတ်နှင့်စားကြရမည်။ ရေကိုလည်း ခြင်လျက်၊မိန်းမောတွေဝေခြင်းနှင့် သောက် ကြရမည်။ယေဇကျေလအနာဂတ္တိကျမ်း ၃း၁၆ ထိုကဲ့သိုချိုငယ်နိုင်ငံသည် မိမိကို ခုခံသောချို သုံးချောင်းတို့တွင် နောက်ဆုံးချိုကိုဖြိုဖျက်သည် ကာလမှစ၍မိမိကိုယ်တိုင်အကျဉ်ားူဆောင်ခြင်ခံရသည်တိုင်အောင် နှစ်ပေါင်း ၁၂၆၉ ၌ တန်ခိုးကြီခံလေသည်။ခရစ်သက္ကဇ် ၃၅၁-၄၈၃ နှစ်အတွင် ရောမ နိုင်ငံ ဆယ်နိုင်ငံကွဲပြားပြီနောက် ပါပနိုင်ငံသည် အခြားနိုင်ငံများနှင့် တူခြားပြီလျှင် တန်ခိုးကြီးသောသာသနာနိုင်ငံကြီးတခုဖြစ်လာလေသည်။ ဆယ်နိုင်ငံတို့တွင် ၁ဟယ်ရှုလီ ၂ဗန်ဒါး(လ) ၃အော်စတဂှီဂွေ့(သ) ဆိုသော သုံးနိုင်ငံတို့သည် အဲရီညာသာဖြစ်၍ ပါပမင်းသာသနာနာတော်၏ တန်ခိုးကိုခံလေသည် ရောမဂုဏ်အုပ်များတို့သည် ဟယ်ရှုလီနိုင်ငံကို ၄၆၃ နှစ်၌၎င်း ဗန်ဒါး (လ) နိုင်ငံကို ၅၃၄ ခုနှစ်၌၎င်း အဖြစ်နှင့် တကွနုတ်လေ၏ ဤကဲ့သို့ပြုခြင်းအားဖြင့် ရောမဂုဏ်များတို့၏ တန်ခိုးအညဏာအတည်ဖြစ်လေသည် နှစ်ပေါင်း ၁၂၆၀ သည် ခရစ်၁၇၉၈ ခုနှစ်၌ စေ့ရောက်လေသည်ထိုနှစ်၌ပြင်သစ်စစ်ဗိုလ်ကြီး ဘာသီအားသည် ဆဋ္ဌမမြောက် ပုပ်ရဟန်မင်းပိုက်ရစ်ကိုဖမ်းဆီယူဆောင်ပုပ်ရဟန်းမင်းကြီးပိုက်စ်သွားပြီနောက်ဖိုရဟန်းမင်းကြီသည် အကျဉ်းခံလျက်နေစဉ် သေဆုံးလေသည် ထိုကာလမှစ၍ဗရင်ဂျီပုပ်သာသနာ၏ တန်ခိုးမှေးမှိန်သွားခဲ့လေသည်။ပုပ်ရဟန်းသာသနည်သည် ဘုရားသခင်၏ ဘွဲ့နာမတော်များယူ၍ ခရစ်တော် ကိုယ်စာပြုလုပ်ပြီးလျှင် မိမနှုတ်ထွက်သောစကား များတိုသည် မှားယွင်းခြင်းမဖြစ်နိုင်လေဟန်ပြောဆိုသောကြောင့်အမြင့်ဆုံးသောဘုရားကိုဆန့်ကျင်ဘက်ပြု၍၊ကြီးစွာသောစကားကို ပြောလိမ့်မည်။အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကိုညှဉ်းဆဲနှိပ်စက်လိမ့်မည်။ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါကြံစည်လိမ့်မည်။တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၇း၂၅ပုပ်ရမင်းကြီးဘာသာ သာသနည်း သန်ရှင်းသောသူများ၏ အသွေနှင်ယဇ်မူးခဲ့လေးပြီ။ လူပေါင်း ၇၀၀၀၀၀၀၀ ကျော် သတ်ဖျတ်ခဲ့သည်အသစ်ပြုခြင်းအမှုပြီမြောက်သည်နောက် ဘာဆက်ဖြစ်ဦးမည်သနည်း ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာစက်ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသော အမျိုးသားတို့သည် ရကြလိမ့်မည်။ ထိုဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီးအပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။ဒံလေအနာဂတ္တိကျမ်း ၇း၂၇
ကမ္ဘာ၏အနာဂတ္တိသိမိုင်း ဒံယေလအနာဂတ္တိကျမ်းခန်းကြီ ၂ ဒံယေလသည်ဘာအသနားခံ၍ မည်သည့်အခွင့်ကိုရသနည်း။ ကမ္ဘာ၏အနာဂတ်သမိုင်း (ဒံယေလအနယဂတ္တိကျမ်းအခန်းကြီးနစ်) ၁။ နေဗုခဒ် နေဇာ မင်းကြီးနန်းစံ နှစ်နှစ်တွင်း၊အိပ်မက်ကိုမြင်တော်မူ၍ ထိပ်လန့်ခြင်းစိတ်ရှိသောကြောင့်၊စက် တော်မခေါ်နိုင်သည်ဖြစ်၍၊-အိပ်မက်ကိုပြန်ပြောစေခြင်းငှါ မာဂုပညာရှိတို့ကိုခေါ်ချေဟု အမိန့်တော်မူရှိသည်အ တိုင်း၊သူတို့သည် အထံသို့ရောက်သွားကြသည်ရှိသေည်၊- ရှင်ဘုရင်က၊ ငါသည်အိမ်မက်ကိုမြင်ပြီး။ထိုအိမ်မက် ကိုမသိနားမလည်သည်ဖြစ်၍စိတ်မအီသာရှိဟုမိန့်တော်မူ၏။ ခါလဒ်ပညာရှိရှိတို့ကလည်း၊ အရှင်မင်းကြီး၊အသ က်တော်အစဉ်မြဲရှင်ပါစေ။အကျွန်ပ်တို့အားအိမ်မက်တော်ကိုမိန့်တော်မူ။အကျွန်ပ်တို့သည်အနက်ကိုဘော်ပြပါ မည်ဟု၊ရှုရိဘာသာဖြင့် လျှောက်ကြ၏။ ဒံယေလအနာဂတ္တိကျမ်း ၂း ၁-၄ မှတ်ချက်။ဤဘုရားကြည်ညိုသောဆရာတို့သည် ဘုရားနှင့် ဆက်ဆံနိုင်ကြောင်း အထင်အရှားဟန်ဆောင်ကြသ ည်။ ထိုသူတို့သည် ဗာဗုလှန်နန်းတော်၌ ဘုရားသံတမန်များဖြစ်ဆောင်ကြသည်၍။ နေ့စဉ်သူတို့သည် မိမိတို့ရာ ထူးအလိုက် အိမ်မက်၏ အနက်ကိုအဓိပ္ပါယ်ကိုမကြာမကြာဘော််ပြ၍ အတူယောင်ဘာသာအမှုအရေများကိုပြု လုပ်ဆောင်ရွက်ကြသည်။ ၎င်းအရာများတို့၏ လျှို့ဝှက်ခြင်းကို ဘုရားသခင်သည် ရှင်ဘုရင်အား ဤအိမ်မက် ထင်ရှားစွာဘော်ပြခြင်းသည်။ ၁၄ရှင်ဘုရင်သည် ငယ်စဉ်အရွယ်ကပင် လှည့်ဖြားခြင်းကိုခံခဲ့ရသော်လည်း ဖြောင့်မတ်ခြင်းသောသူဖြစ်၍ ယခုဖြစ်၍ ယခုထိုသူ၏လိမ်ခြင်းကိုမခံ နိုင်။ ၂။ ၎င်းဗာဗုလုန်မြို့က ဘုရားတရားကြည်ညိုသောဆရာများတို့၏ လျှို့ ဝှက်ခြင်းထင်ရှားသောအခါ ရှင်ဘု၇င်သည်အဘယ်ကဲ့သို့သဘောကိုက်၍ ဘာလုပ်သနည်း အဖြေ။ ရှင်ဘုရင်ကလည်း။ ငါမိန့်တော်ရှိပြီ။ ထိုအိမ်မက်နှင့်အနက်ကိုသင်တို့မဘော်ပြလျှင်။ သင်တို့ကို အပိုင်းပိုင်းစဉ်းမည်။ သင်တို့အိမ်များကိုလည်း နောက်ချေး ပုံဖြစ်စေမည်။ ဒံယေလအနာဂတ္တိကျမ်း ၂း၅ ထိုစကာကိုကြားတော်မူလျှင်ပြင်စွာအမျက်တော်ထွက်၍၊ဗာဗုလုမြို့၌ ရှိသမျှသော ပညာရှိတို့ကိုပယ်ရှင်စေဟုအမိန့်တော်မူ၏ ဒံယေလအနာဂတ္တိကျမ်း ၂း၁၂ ၃။ဒံယေလသည်ဘာအသနားခံ၍ ဘာအခွင့်ကိုရသနည်း ရှင်ဘုရင်၏အမိန့် တော်သည် အဘယ်ကြောင့် ဤအမျှလောက်လျှင်မြန်သနည်းဟု ဗာဗုလုန်ပညာရှိတို့ကိုပယ်ရှင်းခြင်းငှါထွက်သွား သောကိုယ်ရံတော်မှူအာရုတ်ကိုသတိပညာ နှင့်မေမြန်၍၊အာရုတ်သည်ထိုအကြောင်းကိုကြားပြောလျှင်။ ဒံယေလသည်နန်းတော်သို့ ဝင်၍ အိမ်မက်တော်ဖြေရသောနေ့ နေရက်အချိန်ကိုပေးတော်မူပါမည်အကြောင်။အသ နားခံပြီးမှ (ဒံယေလအနာဂတ္တိကျမ်း ၂း၁၄-၁၆ ၄။ထိုပညာရှိသော သူတို့မတိုင်းမထွားမဘော်ပြနိုင် သောကောင်းကင်၏ နက်နဲခြင်းအမှုအရာကို ဘုရားသခင်သည် ဒံယေလအားဘော်သလော့ ညဥ့်အခါဘော်ပြချက်အားဖြင့် ထိုနက်နဲသောအရာကို ဒံယေလအား ဘုရားသခင်ဘော်ပြတော်မူ၏ ဒံယေလအနာဂတ္ကိကျမ်း ၂း၁၉ ဗာဗုလုန်နိုင်ငံ၏ရှင်ဘုရင်ကြီးအိမ်မက်အတိုင်း နော်ကလာသတ္တံ့သော ကမ္မာနိုင်ငံကြီးများပုံဆောင်ကာဘော်ပြထား၊သောရုပ်တုကြီး ၅။ဒံယေလ၏ကျေးဇူးတင်ခြင်းပတ္ထနာ၌ ဘာကြီးကျယ်သောသမ္မာတရားအကြောင်းရေးထာသညန်း ပြည့်စုံ တော်မူ၏။- ကာလအချိန်ဥတုများကိုပြောပြောင်းလဲစေတော်မူ၏။ရှင်ဘုရင်တို့ကိုလည်း နိပ့်ချချီးမြှောက်တော်မူ၏။ပညာရှိတိုအားပညာကို ပေးတော်မမူ၏။ဥာဏ်ရှိသော သူတို့သည် ကျေးဇူတော်အားဖြင့်သာ၊ထိုတွင်၍နားလည် တတ်ကြ၏။ နက်နဲ ခက်ခဲသောအရာတို့ကိုထင်ရှာစွာပြတော်မူ၏။မှောက်၌ရှိသမျှတို့ကိုသမြင်၍အလင်း၏တည်ရာဖြစ် တော်မူ၏။-အကျွန်ပ်တို့ဘိုးဘေးတို့၏ ဘုရားသခင်၊အကျွန်ပ်ဆုတောင်းသည်အတိုင်း၊ရှင်ဘုရင်၏အိမ်မက်ကို ဖွင့်ပြတော်မူသော ကျေးဇူတော်ကိုချီးမွန်ထောမနာပြုပါ၏ ဒံယေလမြွတ်ဆိုပြီမှာ၊ ဒံယေလအနာဂတ္တိကျမ်း ၂း၂၁-၂၃ ၆။ မိမိအားဘုရားသခင်ဖွင့်ပြတော်မူသောကြောင့်အရာကိုဒံယေလသည်ရှင်ဘုရင်အား အဘယ်သို့လျှက်သနည်း ဒံယေလက၊အရှင်မင်းကြီးမေးမြန်းတော်မူသောအရာကိုပညာရှိဗေဒင်အတတ်၊မာဂုရာ၊အနာဂတ္တိဆရာတို့သည် အရှင်မင်းအားဘော်ပြခြင်းမငှါမတတ်နိုင်ပါ။နက်နဲသောအရာတို့ ကိုဖွင်ပြ၍၊နောင်ကာလ၌ ဖြစ်လတံ့သောအရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအားကြားပြောတော်မူသော ဘုရားသခင်တဆူသည် ကောင်းကင်ဘုံမှာရှိတော်မူ၏. ဒံယေလအနာဂတ္တိကျမ်း ၂း ၂၇-၂၈ ၇။ အိပ်မက်အတ္ထုပ္ပုတ္တိများကိုပြောပြလော့။ အရှင်မင်းကြီး၊စက်တော်ခေါ်၍ မြင်မက် တော်မူသောရူပါရုံဟုမူကား၊ကိုယ်တော်သည်ကြည့်ရှု၍ ရုပ်တုကြီးကိုမြင်မက်တော်မူ၏။ ထူမြတ်သော တော်မူသောအရောင်ဝါနှင့်ပြည့်စုံ ၍၊ကြီးမြင့်သောထိုရုတုသည် ကြောက်မက်ဘွယ်သောပုံသဏ္ဍာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့၌တည်ရှိ၏.သူ၏ဦးခေါင်းကသည်ရွှေစင်ဖြစ်၏။ရင်ပတ်နှင့်လက်နှစ်ဘက်သည် ငွေဖြစ်၏။ ဝမ်းနှင့်ပေါင်နှစ်ဘက်တို့သည် ကြေးဝါဖြစ်၏။ခြေသလုံးနှစ်ဘက်သည်သံဖြစ်၏။ခြေဖဝါနှင်ဖမိုးသည် သံတပိုင်းသရွတ်တပိုင်းဖြစ်၏။ ကိုတော်သည်ကြည့်ရှုတော်မူစဉ် လက်ဖြင့်မထုဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည် သံနှင့်သရွတ် ဖြစ်သောရုပ်တု၏ခြေဖမိုးကို ထိခိုက်၍ ချိုးဖဲ့သည် ရှိသော်၊-သံ၊သရွတ်၊ကြေးဝါ၊ငွေ၊ရွှေတို့သည်မျိုးပဲ့ကြေ မွှလျက်၊နွေကားလ၌၊ကောက်နယ်တလင်း အမှန့်ကဲ့သို့ဖြစ်သဖြင့်၊လေတိုက်၍လွင့်၍သူတို့နေစရာမရှိပျောက်လေ၏။ရုပ်တုတုကိုထိခိုက်သော ကျောက်မူကား၊ တိုးပွါးသဖြင့် တောင်ကြီးဖြစ်၍၊မြေကြီးတပြင်လုံးကိုဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။ ဒံနယေလအနာဂတ္တိကျမ်း ၂း၃၁-၃၅ ၈။ထိုဦးခေါင်း၏ အနက်အဓိပ္ပါယ်ဘာကိုဆိုလိုသနည်း အဖြေ။ ဗာဗုလုန်နိုင်ငံသည် နေဗုခဒ်နေဇာမင်းကြီး နိုင်ငံဖြစ်၏ လူနေစရာ ရှိသမျှတို့နှင့် မြေကြီးသား တိရိစ္ဆာန်မိုဃ်းကောင်းကင် ငှက်များတို့ကို ကိုယ်တော် လက်၌အပ်ပေး၍၊ ကိုယ်တော်သည်ရုပ်တု၏ ရွှေဦးခေါင်းဖြစ်တော်မူ၏။ ဒံယေလအနာဂိတ္တိကျမ်း၂း၃၈ ယုဒရှင်ဘုရင်ယောယကိမ်နန်းစံသုံးနှစ်တွင်း၊ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ဝန်ရံလေ၏ ဒံယေလအနာဂတ္တိကျမ်း ၁း၁ ၉။ ငွေနှင့်ကြေးဝါတို့ ဘယ်နိုင်ငံများကိုအဓိပ္ပါယ်ဘော်ပြသနည်း။ ကိုယ်တော်နောက်၌ ကိုယ်တော်၏ နိုင်ငံ လောက်မမြတ်သောနိုင်ငံတခုသည်တည်ထောင်လိမ့်မည်။ထိုနောက်၊မြေကြီးတပြင်းလုံးကိုအုပ်စိုး၊ သောကြေးဝါနိုင်ငံတည်ဟူသော တတိယ နိုင်ငံတည်း ထောင်လိမ့်မည်။ ဒံယေလအနာဂတ္တိကျမ်း ၂း၃၉ မှတ်ချက်။ ဗေလရှာဇာမင်းကြီး၏ ကျော်စော်သောစားပွဲ တော်ကြီး ည့ဉ်၌ မေဒ်ရသိလူတို့သည် ဗာဗုလုန်နိုင်ငံကိုအောင်းမြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။ ဒံယေလအနာဂတ္တိကျမ်း ၅း၁-၁၃၁(တရံရောအခါက ဗေလရှာဇာမင်းကြီးသည်မှူးမတ်တထောင်ကိုကိုခေါ်ပြီးလျှင်းကြီးစွာသောပွဲကိုလုပ်၍၊မှူမတ်တထောင်နှင့်တကွာ စပျစ်ရည်ကို သောတော်မူ၏။ စပျစ်ရည်ကို မည်းစမ်း သောသောအခါယေရုရှလင်းမြို့ ဗိမာန်တော် ထဲက ခမည်းတော် နေဗုခဒ်နေဇာ သိမ်းယူဆောင်သော ရွှေဇလား၊ ငွေဖလားတို့နှင့် ကိုယ်တိုင်မှာစ၍ မင်း သား၊မိဖုရား၊မောင်းမမိတ်ဿံတို့သည် သောရမည်အကြောင်း၊ထိုဖလားတို့ကို ယူခဲ့ရမည်ဟူ အမိန့်တော်သည် အတိုင်း၊ယေရုရှလင်မြို့ ရှိသော ဘုရားသခင်၏ဗိမာန်တော်တိုက် ထဲ့က သိမ်းယူဆောင်ခဲ့သော ရွှေဖလားတို့ကိုယူဆောင်ခဲ၍၊ မင်းကြီး၊မင်းသား မိဖုရား မောင်းမမိဿံတို့သည်ထိုဖလားနှင့် သောက်ကြ၏။ စပျစ်ရည်ကိုသော၍၊ ရွှေဘုရား၊ငွေဘု ရား၊ကြေးဘုရား၊သံဘုရားသစ်သားဘုရား၊ကျောက်ဘုရားတို့ကိုချီးမွမ်းကြ၏။ ထိုအချိန်နာရီတွင်လက်ဖျားသည်ပေါ်လာ၍။ မီးခုံအထက်၊ နန်းတော်အုပ်ထရံ အင်္ဂတေ၌ အက္ခရာ တင်၍။ ရေးထား၏။ ထိုသို့ရေးသောလက်ဖျားကို မြင်တော်မူလျှင်၊-မျက်နာတော်ညိုငယ်၍စိတ်ပူပန်ခြင်းသို့ရောက်သဖြင့်။ဒူဆစ်ပြုမတတ်ဖြစ်၍ ဒူးခြင်းထိခိုက်သည်ရှိသော်၊ ဗေဒင်တတ်၊ခါလဒဲဆရာ၊အနာဂတ္တိဆရာတို့ကိုခေါ်ချေဟု ဟစ်ကြော် ပြီးလျှင်၊ထိုစာတို့ဖတ်၍ အနာကိုဘော်ပြနိုင်သောသူသည် အဝတ်နီကိုဆင်၍ လည်ပင်၌ ရွှေစလွယ်ဆွဲ လျက်၊နိုင်ငံတော်တွင်း တတိယမင်းဖြစ်စေဟု ဗာဗုလုန် ပညာရှိတို့အား အမိန့်တော်ရှိ၍။-ပညာရှိ ဆရာတော်အပေါင်းတို့သည် လာရောက်သော်လည်း၊ထိုစာမိဘတ်နိုင်ကြ။အ နက်အဓိပ္ပါယ်ကို ရှင်ဘုရင်းအား မဟောနိုင် မပြောနိုင်သောကြောင့်၊- ဗေလရှာဇာ မင်းကြီး သည်အလွန်စိတ်ပူပန်ခြင်း၊မျက်နာတော် ညိုး ငယ်ခြင်းရှိ၍။ မှူးတော်မတ်တော် တို့သည် မှိုင်းလျက်နေကြ၏။ ထိုအခါ မယ်တော်မိဖုရားသည် ရှင်ဘုရင်၏စကား၊မှူးမတ်တို့၏ စကားကိုကြးသိလျှင်၊ပွဲတော်ဝင်၍၊အရှင်းမင်းကြီး၊သက်တော်အစဉ်အမြဲရှင်ပါစေ။ စိတ်တော် ပူပန်ခြင်း မရှိပါနှင့် ။မျက်နာတော်မညိုးငယ်ပါနှင့်။ သန့်ရှင်းသော ဘုရား၏ ဝိညာဉ်တော်နှင့် ပြည့်စုံ သောသူတယောက်သည် နိုင်ငံတော်အတွင်းရှိပါ၏။ခမည်တော်ဘုရား လက်ထပ်တော်၌ ထိုသူ တွင် ဘုရားပညာနှင့် တူသော ပညာဥာဏ်သတ္တိ ထင်းရှားလျက် ရှိပါ၏။ ထိုသူကို ခမည်တော်ဘရား နေဗုခဒ်နေဇာမင်းကြီးသည်မာဂုပညာရှိ၊ဗေဒင်အတတ်၊ခါလဒဲဆရာ၊အနာ ဂတ္တိဆရာတို့ အပေါ်တွင် ဆရာအုပ်ရာ အရာ၌ ခန်းထားတော်မူ၏။အကြောင်းမူကား၊အိမ်မက်အနက်ကိုဘတ်နိုင်ခြင်း၊နက်နဲခက်ခဲသောအရာကိုဖွင့်ပြနိုင်ခြင်း၊ပုစ္ဆာအမေကိုဖြေ ခြင်းငှါ တတ်စွမ်းနိုင်သောဥာဏ်ပညာနှင့်တကွ၊ထူဆန်းသောစိတ်ဝိညာဉ်သည် ဒံယေလအမည်ရှိသော ထိုသူတွင်ထင်ရှားလျက်ရှိပါ၏။ ဗေလတရှာဟူသောဘွဲနာမ ကိုလည်းရှင် ဘုရင် ပေးသနား တော်မူ၏။ ထိုဒံယေလကို ခေါ်တော်မူလျှင်၊ အနက်ကိုဟောပြောပါလိမ့်မည်ဟုလျှောက်သော်၊-ဒံယေလကို အထံတော်သို့ခေါ်သွင်းလေ၏။ ရှင်ဘုရင်က၊ငါခ မည်တော်ဘုရားသည် ယုဒပြည်ကသိမ်းယူတော်မူခဲ့၍၊ယုဒလူစို၌ပ်သောဒံယေလ မှန်သလော့။- သင်သည် ဘုရားသခင်၏ ဝိညာဉ်နှင့်၎င်း၊ထူဆန်းသောပညာဥာဏ် သတ္တိနှင့် ၎င်း ပြည့်စုံ သည်ဟု သင်၏သိတင်းကိုငါကြား၏။- ထိုစာကိုဘတ်၍ အနက်ကိုငါအားဘော်ပြစေခြင်း ဗေဒင်တတ်ပညာရှိတို့ကို ငါထံသို့သွင်း သော်လည်း၊ သူတို့သည်အနက်ကို မဘော်မပြနိုင်ကြ။ သင် သည် အနက်များကို ဘော်ပြ၍ ပုစ္ဆာအမေးတို့ကို ဖြေနိုင်သည်ဟူငါကြားပြီးသည်အတိုင်း ထိုစာကိုဘတ်၍ အနက်ကို ငါအားဘော်ပြနိုင်လျှင်၊ဝတ်နီဝန် ဆင်၍လည်ပင်း၌ရွှေစလွယ်ဆွဲလျက်၊နိုင်ငံတော်တွင်တတိယမင်ဖြစ်ရမယ်ဟုအမိန့်တော်မူ၏။ ဒံယေလ ကလည်း၊ဆုတော်လပ်တော် ကို ကိုယ်တော်၌ရှိသေတော်မူပါ။ပေးလိုသောသူအရာများကိုအခြားသူအားပေးသနားတော်မူပါ။ သို့သော်လည်းရှေ့တော်၌ထိုစာကိုဘတ် ၍ အနက်ကိုလည်းဘော်ပြပါမည်။အရှင်မင်းကြီး၊အမြင့်ဆုံးသောဘုရားသခင်သည်ခမည်တော်နေဗုခဒ်နေဇာမင်းကြီး၌နိုင်ငံတော်နှင့်တကွ ရွှေဘုန်းတော်မြတ်၊ဂုဏ်အသေရေကို ပေးသနားတော်မူ၏။- ပေးသနားတော်မူသော ထိုရွှေဘုန်းတော်မြတ်ကြောင့်၊အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားသော ဘာသာစကားကိုပြောသောလူမျိုးတကာတို့သည် ရှေ့ တော်၌ကြောက်ရွံတုန်လှုပ်လျက် နေကြ၏။ သတ်လိုသော သူတို့ကိုသတ်တော်မူ၏။အသက်ရှင်စေလိုလိုသော သူတို့ကိုရှင်သေတော်မူ၏။ချီးမြှောက်လိုသောတို့ကိုချီးမြှောက် ချီးမြှောက်တော်မူ၏။နှပ်ချလိုသောသူတို့ကိုနှပ်ချတော်မူ၏။-မာမန်နစိတ်နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ၊ ဘုန်းတန်ခိုးကွယ်ပျောက်၍ တိရစ္ဆာန်သဘောနှင့် ပြည့်၏။ အမြင်ဆုံသောဘုရားသခင်သည် လောကီ နိုင်ငံကိုအုပ်စိုး၍၊အလိုတော်ရှိသောသူတို့အားအပ်ပေးတော်မူကို မသိမှတ်မှီ တိုင်အောင်၊နွားကဲံသို့မြက်ကိုစားလျက်၊မိုဃ်းစွတ်ခြင်း ကိုခံ၍နေရ၏။ အရှင်သားတော် ဗေလရှာဇာ၊ကိုယ်တော်သည်ထိုအမှုအလုံစုံတို့သိသော်လည်း။စိတ်နှစ်လုံးမနှပ်ချဘဲ၊- ကောင်းကင်ဘုန်၏ အရှင်ကို ဆန့်ကျင်ဘက်ပြု၍၊ဗိမာန် တော်၏ဖလားတို့ကိုရှေ့တော်သို့ယူဆောင်ခဲ့စေ၍၊ကိုယ်တိုင်မှစ၍ သော မှူးတော်မတ်တော်၊မိဖုရား၊မောင်းမိဿံတို့သည်ထိုဖလားတို့နှင့်စပျစ်ရည်ကိုသောကြပြီတကား၊မျက်စိနှင့် မမြင်၊နားမကြား၊အဘယ်အရာကိုမျှမသိသော ငွေဘုရား၊ရွှေဘုရား၊ကြေးဝါဘုရား၊သံဘုရား၊သစ်သားဘုရား၊ကျောက်ဘုရားတို့ကိုချီးမွမ်း၍၊ ကိုယ်တော်၏အသက်သခင်တည်းဟူ သောကိုယ်တော်၏အမှုအလုံးစုံတို့ကိုစီရင်ပိုင်းတော်မူသောဘုရားသခင်ကိုမချိးမွမ်းဘဲနေပါပြီတကား၊-ထိုကြောင့်၊လက်ဖျားကိုစေလွှပ်၍ခိုစာကိုရေးစေတော်မူ၏။ စာချက်ဟူမူ ကား၊မနေမနေ၊တေကလ၊ ဖေရက် ဟုအက္ခရာ တင်လျက်ရှိ၏။ နေနေ၏ အနက်အဓိပ္ပါယ်ကား၊ ကိုယ်တော်နိုင်ငံကိုဘုရားသခင်ရေတွက်၍ဆုံစေတော်မူ၏။-တေကလ၏ အနက် အဓိပ္ပါယ်ကား၊ ကိုယ်တော်ကိုချိန်ခွင်နှင့်၍လျော့ကြောင်းကို တွေ့မြင်တော်မူ၏။- ဖေရက်၏ အနက်အဓိပ္ပါယ်ကား၊ နိုင်ငံတော်ခွဲဝေ၍မေဒိလူ၊ပေရသိလူတို့အားအပ်ပေးတော်မူ၏ ဟုဆိုလိုသတည်းဟုဒံယေလ သည်အထံတော်၌ပြန်ကြားလျှောက်ထား၏။ထိုအခါဗေရှာဇာ မင်းကြီး မိန့် မူသည်အတိုင်း၊ဒံယေလကိုအဝန်နီဝတ်ဆင်စေ၍ လည်ပင်း၌ရွှေစလွယ် ဆွဲမှ၊ နိုင်ငံတော်တွင်တတိယမင်း ဖြစ်သည်ဟုညဥ့်၌ပင် ခါလဒ် ရှင်ဘုရင် ဗေလရှာဇာမင်းသည် အသက်တော်ဆုံး၍၊မေဒ်အမြိုး ဒါရိမင်းသည်အသက်တော် ခြောက်ဆယ်နှစ်နှစ် တွင် နိုင်ငံတော်ကိုသိမ်းယူတော်မူ၏ ဒံယေလအနာဂတ္တိကျမ်း ၅း၁-၃၁ ယေရမိဆင့်ဆိုသော ထာဝရ ဘုရား၏ အမိန့်တော်ကိုပြည့်စုံစေခြင်းငှါ၊ပေရသိရှင်ဘုရင် ကုရုနန်းစံပဋ္ဌမနှစ်တွင်၊ ထာဝရ ဘုရားနူးဆော်တော်မူသောအားဖြင့်၊ထိုရှင်ဘုရင်သည် အမိန့်တော်စာကိုထုပ်ပြီလျှင်၊ပေရသိနိုင်ငံအရပ်ရပ်တို့၌ကြော်ငြာစေ၍၊ ပေရသိရှင်ဘုရင် ကုရုမင်း မိန့်တော်မူသည်ကား၊ ကောင်းဘုန်၏အရှင် ဘုရားသခင် ထာဝရ ဘုရားသည်၊ မြေကြီးပေါ်မှာတိုင်းနိုင်ငံရှိသမျှတို့ င့အား ပေးမူသည်ဖြစ်၍၊ ယုဒပြည် ယေရုရှလင်မြို့၌ အိမတော်ကို ငါတည်ဆောက်ရမည်အကြောင်း မှာထားတော်မူပြီ။- ဧဇရမှတ်စာ ၁း၁-၂ မှတ်ချက်။ဗေလရှာဇာမင်းကြီး၏ ကျော်စောစောပွဲတော်ကြီး ညဥ့်၌ မေရသိလူတို့သည် ဗာဗုလုန်နိုင်ငံတော်ကိုအောင်မြင်လေ။ဒံလေယအနာဂတ္တိကျမ်း အခန်းကြီးငါး ၁မှသုံးဆယ် တွင်တွေ့ရှိရသည်။ ဧဇမှတ်စာ အခန်းကြီး၁း၁-၂ဤကဲ့သို့ရွှေဦးခေါင်းဟူ၍ဘော်ပြသောနိုင်ငံသည် လွန်ခဲ့၍မမြတ်သောနိုင်ငံ(မေဒိရသိလူမျိုး)အုပ်ဟပြုသည်။ ၎င်းနိုင့်သည် ခရစ်တော်မပေါ်ထွန်းမှီ ဘီစီ ၅၃၉-၃၃၁ အထ တိုင်အောင် ကမ္ဘာကိုအုပ်စိုးခဲ့သည်ဖြစ်၍ မိမိအလညှည့်ကျသောအခါ မြေကြီးတစ်ပြင်းလုံးကိုအုပ်စိုးရမည်ဖြစ်သော ကြေးဝါနိုင်ငံ (ဟေလသလူမျိုး) အားဖြင့်ဖျက်ဆီးခြင်းကိုခံခဲ့ရပေသည်။ ၁၀ ။သံခြေထောက်၏အနက်အဓိပ္ပါယ်တည်ဟူသောစတုတ္ထနိုင်ငံသည် ဘာနိုင့်ဖြစ်သနည်း စတုတ္ထနိုင်ငံသည်သံဲ့သို့ခိုင်မာ သော နိုင်ငံထြစ်လိမ့်မည်။ သံသည်အခြားသော အရာ ရှိသမျှ တို့ကို ချိုးဖဲ၍နိုင် သကဲ့သို့ စတတ္ထ နိုင်ငံသည် ချိုးဖဲ့ နိပ်စက်ခြင်းကိုပြုလိမ့်မည်။ ဒံယေလအနာဂတ္တိကျမ်း ၂း၄၀ မှတ်ချက်။ ခရစ်တော်မပေါ်ထွန်းမှ သက္ကရဇ် ဘီ.စီ ၃၃၁-၁၆၈ တိုင်အောင် ဟေလသနိုင်ငံသည် မိမိတို့ဘုရင်အသီးအသီးတို့လက်အောက်၌ က္မဘာကိုအုပ်စိုးခဲလေသည်။ ဖိုနောက်သံနိုင်ငံတည်းဟူသော ရောမနိုင်ငံ ဟေလသနိုင်ငံအစားဝင်၍ ကမ္ဘာကိုအုပ်စိုးလေသည်။ ၁၁။ ရုပ်တုခြေနှစ်ချောင်းတို့သည် သရွတ်တစ်ပိုင်းသံတစ်ပိုင်းသရွတ်တပိုင်းသံတပိုင်းရှိသည်နြင်မက်တော်မူသည်အတိုင်း၊အချင်းချင်းကွဲပြားသောနိုင်ငံဖြစ်လိမ့်မည်သို့သော် လည်း၊ဖုတ်သောသရွတ်နှင့်သံသေ=ရာနောသည်မြင်မက်တော်မူသည်ဖြစ်၍၊သံသည်ခိုင်မာခြင်းသတ္တိရှိလိမ့်မည်။ ဒံယေလအနာဂတ္တိကျမ်း။ ၂း၄၁ ၁၂။ ခြေတွင်သရွတ်နှင့်သံရောနော၍ရှိခြင်းသည်သည် နိုင်ငံများတို့တွင်အဘယ်အကြောင်းအရာကို အစဉ်အဆက်မဖြစ်စေခြင်းငှါ တားမြစ်သနည်း ဖိုတ်သောသရွတ်နှင့်သံရောနောသည်မြင်မက်တော်သည်နှင့်လျော်စွာ နိုင်ငံသားတို့သည် အခြားလူမျိုးသားတို့နှင့်ပေါင်းဖေါ်ကြလိမ့်မည်။သို့သော်လည်း သရွတ်နှင့်သံမရောနော နိုင်သကဲ့သို့ သူတို့သည် အချင်းချင်းပေါင်းဖေါ်၍မသင်မြတ်နိုင်ကြ ဒံယေလအနာဂတ္တိကျမ်း ၂း၄၃ မှတ်ချက်။ ရောမနိုင်ငံသည်ကမ္ဘာပေါ်တွင်ရှိနိုင်ငံများတို့ကိုအုပ်ချူ ပ်ခြင်း၌ နောက်ဆုံး နိုင်ငံဖြစ်သည် တန်ခိုးကြီးသောရှင်ဘုရင်များနှင့်စစ်ဗိုယ၏လ်ကြီးများတိ့သည် နိုင်ငံများဘုရင် တပါးတည်းလက်အောက်၌ရှိစေခြင်းငှါ ကြိုးစားသေည်လည်း မထမြောက်နိုင်ကြ။ နိုင်ငံသားတို့သည် အခြားလူမျိုးသားတို့နှင့် ပေါင်းဖေါ်ကြလိမ့်မည်"ဆိုသောစကာသည် နိုင်ငံ တို့ကိုအုပ်စိုးသော ဘုရင်အသီးအသီး မိမိတို့၏ သားသမီးများကို ချင်းချင်းတသီးနှင့်တစ်ဦး ထိမ်းမြားပေးစားခြင်းပြုလုပ်ခြင်းကိုဆိုသတည်း ၁၃။ထိုမင်များလက်ထက် ဘာဖြစ်ဟုဘုရားသခင်အမိန့်တော်မြွတ်ဆိုတော်မူသနည်း လက်နှင့်မထုမလုပ်ဘဲကျောက်တိလုံးသည် တောင်ပေါ်ကအလိုလိုပဲကွာ၍.သံကြေးဝါ၊သရွတ်ငွေ၊ရွှေတိုကိုချိုးဖဲ့သည်ကိုမြင်တော်မူသည် အကြောင်းအရာမှာ၊ပျက်စီးခြင်းသို့မ ရောက်နိုင်သောနိုင်ငံတခုထိုမင်းကြီးများလက်ထပ်၌ ကောင်းကင်ဘုံရှင်ဘုရားသည် တည်ထောင်စေတော်မူမည်။ထိုနိုင်သည် အခြားသောနိုင်ငံရှိသမျှတို့ကိုချိုါ်ဖဲ့ဖျက်စီး၍ အစဉ် အမြဲတည်လိမ့်မည်။ထိုသို့နောင်၌ဖြစ်လတံ့သော အရာတို့ကြီးမြတ်တော်မူသော ဘုရားသခင်သည် အရှင်မင်းကြီးအားကြားပြောတော်မူ၏။အိပ်မက်တော်ရွ့လျော့ခြင်မရှိ။အ နက်သည်မှန်ပါ၏ဟုဒံယေလသည်အထံတော်၌ လျှောက်ထား၏ ဒံယေလအနာဂတ္တိကျမ်း ၂း၄၄း၄၅ ၁၄။သခင်ဘုရားဆုတောင်ချက်တွင် အဘယ်အပိုင်း၌ ဤနိုင်ငံတော် သည်မတည်ထောင်ပါစေသော သင်တို့ ဆုတောင်း ရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောသောအကျွန်ပ်အဘ၊ကိယ်တော်၏နာမတော်အားရိုသေလေးမြတ်စွာခြင်းရှိပါစေသော.နိုင်ငံတော်တည်ထောင်ပါစေသော.အလိုတော် သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။- ရှင်မဿဲခရစ်ဝင်ကျမ်း ၆း ၉း၁၀ ၁၅။ ခရစ်တော်၏နိုင်ငံတော်တည်ထောင်သောအခါ အခြားနိုင်ငံသည်အဘယ်ကဲ့သို့ဖြစ်ကြလိမ့်မည်ကို ဘုရားသခင်သည် အဘယ်သို့မိန့်မြွတ်ထားတော်မူသနည်း အဖြေ။ ဒံယေလအနာဂတ္တိကျမ်း ၂း၄၄)(လက်နှင့်မထုမလုပ်ဘဲကျောက်တလုံးသည် တောင်ပေါ်ပအလိုလိုပဲ့ကွာ၍၊သံ၊ကြေးဝါ၊သရွတ်၊ငွေ၊ရွှေတို့တို့ကိုချိုးဖဲ့သည်ကိုမြင်တော်မူ သည် အကြောင်းအရာမှား၊ပျက်စှခြင်းသို့မေ၇ာက်နိုင်သော နိုင်ငံတခုကိုထိုမင်းကြီများတို့လက်ထပ်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ထိုနိုင်ငံ သည် အခြားသော လူမျိုးတိုကိုချူးဖဲ့ဖျက်စီ၍ အစဉ်အမြဲတည်လိမ့်မည်။ထိုသို့နောက်၌ဖြစ်လတံ့သော အရာတို့ကိုကြီးမြတ်တော်မူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ကြပြောတော်မူ၏။အိပ်မက်တော်ရွေ့လျော့ခြင်းမရှိ၊အနက်သည်မှန်ပါ၏ဟုဒံယေလသည်အထံတော်၌လျှောက်ထား၏။ ဒံယေလအနာဂတ္တိကျမ်း ၂း၄၄ အဖြေ။ ထိုအခါကောင်ကင်ဘုံဖွင့်လှစ်လျက်ရှသည်ကိုငါမြင်၏လျှင်။မြင်းဖြူရှိ၏။မြင်စီသောသူသစ္စာတည်သောအမည်၊သမ္မာဟုသောသောအမည်ရှိသတည်း။ထိုသူသည် တရာသဖြင့်စရင်တတ်၏ ဗျာဒိတ်ကျမ်း ၁၉း ၁၁ အဖြေ။ ၊မြင်ဖြူစီတော်သောသူ၏ခံတွင်တော်ထဲက ထွက်သော သန်လျက်နှင့် ကွက်ခြင်းကိုခံရကြ၏။ သူတို့၏ အသားကိုငှက်အပေါင်းတို့သည်ဝစွာစားကြ၏။ ဗျာဒိတ်ကျမ်း ၁၉း၂၁ သင်တို့သည်ပရောဖက်ပြုလျက်သူတို့အားပြောရသောစကားများဟူမူကား၊ထာဝရ ဘုရားသည် မြင့်သော အရပ် ကြွေးကြော် တော်မူမည်။ သန့်ရှင်း သောဘုံဗိမာန်တော်ကအ သံကိုလွှပ်တော်မူမည်။ ကျိန်းဝပ်တော်မူသောအရပ်ဠာန တဘက်၌ ပြင်စွာ ကြွေးကြော်တော်မူမည်။စပျစ်သီကိုကိုနားနယ်သောသူများအော်ဟစ်သကဲ့သို့၊မြေကြီးသားများ တဘက်၌အော်ဟစ်တော်မူမည်။ မြေကြီးစွန်တိုင်အောင်အသံနံပြားလိမ့်မည်။ ထာဝရ ဘုရားသည် လူလူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ၍။ခပ်သိမ်းသော သတ္တဝါ တို့ကို အမှုလုပ်တော်မည်။ဆိုးသောသူတို့ကို ထားနှင့် ကွပ်မျက်စေခြင်းငှါ အပ်တော်မူမည်ဟု ထာဝရ ဘုရား မိန့်တော်မူ၏ ယေရမိအနာဂတ္တိကျမ်း ၂၅း၃၀း၃၁ ၁၆။ ဤကဲ့သို့အကြောင်းအရာဖြစ်ခဲ့ပြီးပြီလော့ မှတ်ချက် ကျေးဇူတော်နိုင်ငံတော်နှင့်ဘုန်းတော်နိုင်ငံ ၂ပါးရှိသည် ယခုအကျွန်ပ်တို့သည် ကျေးဇူးနိုင်ငံတော်ကိုအမွေမခံနိုင်'''လူသွေားသည် ဘုရားသခင်၏ နိုင်ငံတော်အမွေမခံ နိုင်သေး။ ဘုရားသခင်၏လူတို့သည် ထိုဘုန်းတော်နိုင်ငံမတည်ထောင်သေးကြာင်း ဥပမားအားဖြင့် သခင်ဘုရားဒုတိယကြွာလာတော်မူသောအခါမှတည်ထောင်လိမ့်မည် နက်နဲသော အရာတခုကိုငါပြဦးမည်။ ငါတို့ရှိသမျှတို့သည် အိပ်ပျော် ရကြမည်မဟုတ်။ ကောရိန္တုသြဝါဒစာပဋ္ဌမစောင် ၁၅း၅၁ ငါချစ်သောညီအစိကိုတို့နားထောင်ကြလော့၊လောကတွင်ဆင်းရဲသောသူတို့သည်ယုံကြည့်ခြင်းရတနာကိုရတတ်စေခြင်းငှါ၎င်း၊ဘုရားသခင်ကိုချစ်သောသူတို့အားပေးမည်ဟုဝန် ခံတော်မူသောနိုင်ငံတော်၏အမွေခံဖြစ်စေခြင်းငှါ၎င်း၊ထိုသူတို့ရွေးကောက်တော်မူမဟုတ်လော့။ ရှင်ယာကုပ်သြဝါဒစာ ၂း၅ ကိယ်တော်ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသော ကာလ၊အသက်ရှင်သာသူသေသောလူတို့သည်စစ်ကြောစီရင်တော်မူသော သခင်ယေရှုခရစ်ရှ့မှာ၎င်း၊ဘုရင်းသခင့်ရှေ့မှာ၎င်း၊ ငါသည် သင့်ကိုသစ္စာပေးကား။ တိမောသေသြဝါဒစာဒုတိယစောင် ၄း၁ ၁၇။ ထိုဘုန်တော်တည်ထောင်သောအခါ မည်မျှလောက်တာရှည်စွာတည်ထောင်မည်သနည်း အဖြေ။ ရှင်လုကာခရစ်ဝင်ကျမ်း ၁း၃၁း၃၃ သင်သည်ဗဠိသနွေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်.ထိုသား ယေရှုအမည်ဖြင့်မှည့်ရမည်၊- ထိုသားသည်ကား၊ကြီးမြတ် သောသူဖြစ်လိမ့်မည်။အမြင့်ဆုံး ဘုရား၏သားဟုခေါ်ဝေါ်သမတိုခြင်းကိုခံရလိမ့်မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကိုထာဝရအရှင်ဘုရားသခင်သည်သူ့အား ပေးတော်မူမည်။- ထိုသူသည်လည်း ကာကုပ် အနွှယ်ကိုအစဉ်မပြတ်အုပ်စိုးလိမ့်မည်။သူ]နိုင့်သည်လည်းဆုံးခြင်းမရှိရဟုပြောဆို၏။ ရှင်လုကာခရစ်ဝင်ကျမ်း ၁း ၃၁း၃၃ ဗျာဒိတ်ကျမ်း ၂၁း၁-၄ တဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့် သံကြိုးကြီး ကိုငါမြင်၏။-ရှေမြွှေဟောင်း၊မာနရ်နတ်စာတန်တည်သော နဂါးကို ကိုင်ဘမ်း၍၊နှစ်တထောင် ဘို့ချည်နှောင်လေ၏။ အနှစ်တထောင် မကုန်မှတိုင်အောင်။ လူမျိုးမျိုးတို့လှည့်ဖြားရမည် အကြောင်း၊အနောက်ဆုံးသောတွင်ထဲသို့ပစ်ချလှောင်ထာ၍ တံဆပ်ခတ်လေ၏။ အနှစ်တထောင် ကုန်ပြီမှာတထန်ခဏလွှပ်ရဦးမည်။ `၈။ ၎င်းနိုင်ငံကိုမည်သူတို့အားပေးမည်သနည်း ကောင်းကင်ဘုန်အောက်၌နိုင်ငံနှင့်တကွ အာဏာစက်ဘုန်တန်ခိုးရှိသမျှကို အမြင်ဆုံးသောဘုရား၏သန့်ရှင်းသောအမျိုးသားတို့သည်ရလိမ်မည်။ထိုဘုရားသခင်၏နိုင်ငံတော် သည်။ထာဝရ နိုင်ငံတော်ဖြစ်၏။ ဒွယေလအနာဂတ္တိကျမ်း ၇း ၂၇ ၁၉။ ဘုရားသခင်၏နိုင်အတွင်းသို့ဝင်စာနိုင်ရန် အကျွန်ပ်တို့ အဘယ်သို့ပြုလုပ်ရမည်သနည်း အဖြေ။ နောက်ဆုံးသောကားလ၌ ထင်ရှာစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ရောက်စေမည်အကြောင်း။ယုံကြည် ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည်စောင့် ရှောက်တော်မူသော သင်တို့အဘို့ ကောင်းဘုန်၌ သိုထားသောလျက်ရှိသော အမွေတည်း ရှင်ပေးတရုသြဝါဒစာ ပဋ္ဌမစောင် ၁း၅ ခရစ်တော်ခံတော်မူရသောဘုန်စည်းစိန်ကို၎င်း၊ဆင်ရဲ့ခံပြီမှဝင်စားတော်မူရသောဘုန်စည်စိမ်ကို၎င်း၊သူတို့အထဲ၌ ရှိသောခရစ်တော်၏ ဝိညာဉ်သည်သက်သေခံနှင့်သေသာအခါအဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန်ကယလကို၎င်းဆိုလိုတော်မူသနည် မေမြန်းရှာဖွေကြ၏ ရှင်ပေတရုသြဝါဒစာပဋ္ဌမစောင် ၁း၁၁ Posted by ပညာမတတ် စာမတတ်သောသူ at Sunday, June 19, 2016 Links to this post